ပြည်သူ့စွမ်းအား အထူးကြီးမား

Type

 

ကိုရေချမ်း
 

မရောက်မီက ကြိုနှင့်သည်။                
မရိုက်မီက ငိုနှင့် သည်။                
မဆောက်မီက ဖြိုနှင့်သည်။                
    ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်။


‘ယ’ ရက်နှင့် ‘န’ နာရီတို့သည် မစမီကတည်းကပင် ပျက်သုဉ်း ပျောက်ကွယ်ခဲ့ရလေပြီ။ 


NLD မှ ဖြစ်လာသည့် NUG နှင့် PDF တို့သည် “ပြည်ဖျက်စီမံကိန်း” ကို စိတ်ကူးနှင့် ရူးခဲ့ကြသည်။ ပြည်သိမ်း၊ ပြည်ဖျက်  စီမံချက်သည် ဝက်ဝက်ကွဲအောင် အထိတ်တလန့် ဖြစ်ခဲ့သည်။ အံ့သြဘနန်း အောင်ပွဲ ကြီးခံနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။ နွေဦးတော်လှန်ရေး အမည်ခံ၊ ဒီမိုကရေစီတော်လှန်ရေးအမည်ခံ  အကြမ်းဖက်လုပ်ရပ် များကို လက်တွေ့ကျူးလွန်နေကြသူများသည် ပြည်တွင်းမှ GZ၊ PDF လေးများဖြစ်သည်။ လက်တွေ့ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်၊ စည်းရုံးဦးဆောင် လမ်းညွှန်နေကြသူများမှာ  NLD မှ ပေါက်ဖွားလာ သော CRPH နှင့် NUG တို့ ဖြစ်သည်။ တကယ်တော့ လေထဲမှ အိပ်မက် သည် ပျက်စီးလေလွင့် မျောပါခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ 


ဤသို့ဤပုံ စိတ်ကူးယဉ်အိပ်မက်သည်  ယခုမှထ၍ ပေါ်ပေါက် လာသည်တော့ မဟုတ်ပေ။ NLD ဟူ၍ စတင်ဖြစ်တည်လာကတည်းက ‘ထိပ်တိုက်ရင်ဆိုင်ရေး’၊ ‘အလုံးစုံ ပျက်သုဉ်းရေး’ ဝါဒနှင့် မွေးဖွားလာ ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ စတင်ရေတွက်လျှင် လေထဲတွင် တိုက်အိမ် ဆောက်ခဲ့သော  နယ်ချဲ့လက်ပါးစေ   တစ္ဆေသရဲတို့၏   “အလုံးစုံ ပျက်သုဉ်းရေး” တစ်စစီ၊ တစ်ပိုင်းစီ ဖြိုခွဲချေမှုန်းရေးသည် နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ကျားကုတ်ကျားခဲ ကြိုးစားပမ်းစား အားထုတ် ခဲ့ကြသည်။ 


သို့သော်  NLD သည်  အစလည်း  မကောင်း၊   အလယ်လည်း မကောင်း၊ အဆုံးလည်း မကောင်းခဲ့ပေ။ NLD ပါတီ စတင်ဖွဲ့စည်းစဉ်က ပါတီတွင်း လက်ဝဲအုပ်စုများ နေရာယူခဲ့သည်။ ဗကပ အမာခံများ သွေးထိုးလှုံ့ဆော်ခဲ့သည်။ အာဏာဖီဆန်ရေးလမ်းကြောင်းပေါ်သို့  ဝန်းရံတွန်းပို့ခဲ့ကြခြင်းကြောင့်  မြန်မာ့နိုင်ငံရေး   ဇာတ်ခုံပေါ်တွင် ထင်ပေါ်လာခဲ့သည် ဟု ဆိုရမည်။ အာဏာဖီဆန်ရေးလုပ်ငန်းများနှင့် နာမည်ကျော်ခဲ့သည်။ 


မြေပေါ်၊ မြေအောက်


ဤသို့  နာမည်ကျော်လာသည်ကို  မိမိကိုယ်ကိုယ်မိမိ  အထင်ကြီး သွေးနားထင်ရောက်ပြီး တည်ငြိမ်နေသော မြို့ကြီးအချို့တွင် ထိပ်တိုက် ရင်ဆိုင်ရေး၊ ဆူပူရေးလုပ်ငန်းများ  လုပ်ခဲ့သည်။  မြို့နေပြည်သူများ စိုးရိမ်ထိတ်လန့် ဖြစ်ခဲ့ကြသည်။  ဆူပူရေးလုပ်ငန်းများ လုပ်နေစဉ် ၁၉၈၉ ခုနှစ် ဧပြီလတွင် NLD ရန်ကုန်တိုင်းစည်းရုံးရေးမှူးနှင့်အဖွဲ့ တောခိုခဲ့သည်။ တောခိုပြီး မြို့ပေါ်ပြန်တက်၍ ဇူလိုင် ၇ ရက်တွင် သန်လျင်ရေနံချက် စက်ရုံကို ဗုံးဖောက်ခွဲခဲ့သည်။ ယင်းသည် ပထမဆုံး အဖျက်လုပ်ရပ်ဖြစ်သည်။ ဆက်လက်၍ မကြာခဏဆိုသလို အဖျက် လုပ်ရပ်များ လုပ်ခဲ့သည်။ မြေပေါ်မြေအောက် နှစ်ဖက်ညှပ်တိုက်သည့် သဘောမျိုးဖြစ်သည်။ NLD သည် အာဏာဖီဆန်ရေး လမ်းကြောင်းကို တစ်လျှောက်လုံးသွားခဲ့ပြီး တစ်ဖက်တွင် မြေအောက်ယူဂျီများက အဖျက်လုပ်ရပ်များနှင့် အစိုးရအကျပ်အတည်းဖြစ်အောင် လုပ်ခဲ့သည်။


မြန်မာ့နိုင်ငံရေးသမိုင်းတွင် တိုင်းပြည်နှင့်အစိုးရကို မည်သို့မည်ပုံ တွန်းတိုက်ဖြိုဖျက်သော်လည်း ပြည်ထောင်စုကြီးမှာ  မယိမ်းယိုင်၊ အစိုးရမှာလည်းမယိုင်လဲ  ကျောက်စိုင်ကျောက်သားပမာ မားမား မတ်မတ်ရပ်တည်ခဲ့သည်။ ဖျက်သူတို့သည်သာ စေတနာမကောင်း၍ ကံမကောင်းကြပေ။ ကိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန်၍ ပြုသူသာ ပျက်စီး ခြင်းကိန်းဆိုက်ကြ၏။

 
တပ်မတော်သည် နိုင်ငံ့တာဝန်ကို အတိုင်းအတာတစ်ခုအထိ ယူခဲ့ သည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်လာအောင် ရှေးရှုလျှောက် လှမ်းခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးပြီး   NLD အပါအဝင်  နိုင်ငံရေးပါတီများအားလုံးကို   နိုင်ငံရေးစင်မြင့်ပေါ်သို့ တင်ပေးခဲ့သည်။ သို့သော် NLD ပါတီသည် မူလစရိုက်မပျောက်ခဲ့ပေ။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်   ဖြောင့်ဖြောင့်တန်းတန်း မလျှောက်လှမ်းခဲ့ပေ။ 


အစ မကောင်း၍ အကြောင်းမလှ၊            
နိဂုံး ဘယ်လို ဆုံးမည်နည်း။            
ဆက်၍ ကြည့်ကြပါဦးစို့၊                
ဇာတ်စုံ၊ ဇာတ်ခုံ အမျိုးမျိုး ခင်းပါလိမ့်ဦးမည်။    


အိပ်မက်ပျက်သုဉ်း


၂၀၂၁ တွင် NLD မိုးပြိုမြေပြို အာဏာယူရေး အကြံအစည်မအောင် မြင်သောအခါ ပြည်သူတို့အား လမ်းမပေါ်သို့ တွန်းထုတ်ခဲ့သည်။ ဆူပူ အကြမ်းဖက်ရေး မအောင်မြင်ပြန်သောအခါ R2P ဝင်တော့မလို၊ UN လာတော့မလို၊ US စစ်သင်္ဘောအုပ်စုကြီး ရောက်တော့မလို ပြည်တွင်းမှ GZ ၊ PDF တို့ကို မြှောက်ပင့်ပေးခဲ့သည်။ CRPH ၊ NUG နှင့် NLD လော်ဘီ များသည် ယခုအချိန်အထိ တစ်နေ့တစ်မျိုး မရိုးအောင် သတင်းမှားများ၊ ဝါဒမှိုင်းများ ရိုက်သွင်းကြသည်။ 


ပြည်တွင်းက GZ နှင့် PDF ဘဝများ၊ အသက်များနှင့် တိုင်းပြည် အလုံးစုံပျက်စီးရေးကို အားထည့်ဖျက်ကြသည်။ ပြည်ပအထောက်အပံ့ခံ ဝါဒဖြန့်ချိရေးအဖွဲ့များသည် တိုင်းပြည်ပျက်စီးရေးကို တွန်းပို့နေသည့် အဓိကလက်သည်များဖြစ်သည်။ တစ်ဖက်လိုက်သတင်းများ၊ မမှန်မကန် သတင်းများဖြင့် တွန်းထုတ်ခဲ့ကြသည်။ ဇွန်လ ၃၀ ရက်ကို  D-Day ဟု လှုံ့ဆော်စစ်ခေါ်ပေးခဲ့သည်။ D-Day သည် ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲကြီး စတင်သောနေ့ သင်္ကေတဖြစ်သည်။ ယခု D-Day သည် Dead-Day  ရလဒ်ထွက်ခဲ့သည်။  အမှန်တကယ်တွင်  စိတ်ကူးယဉ်   D-Day ကို လက်တွေ့ဖြစ်အောင် ကြိုတင်ကြံစည်ထားခဲ့သည်။ 


၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးကို NLD  လုပ်ဆောင်ခဲ့ရာ၌ ၎င်း၏ အန္တိမရည်မှန်းချက်သည် အဆုံးသတ်ဆုံးဖြတ်ချက် ဖြစ်ခဲ့လေ သည်။ ၁၉၈၈ ခုနှစ်က ဆူပူဆန္ဒပြသူများ ကြွေးကြော်ခဲ့သည့် “ရလျှင်ရ မရလျှင်ချ” ထုံးနည်းကားအတိုင်း အာဏာရရေးကို ကြံသည့်အတိုင်း ဖြစ်မလာသောအခါ “အလုံးစုံ ဖျက်ဆီးရေး”ကို အားထုတ်တော့သည်။ စည်းရုံးသိမ်းသွင်းထားသော ဝန်းရံသူတို့အင်အားဖြင့် အမိုက်ဇာတ်ခင်း ခဲ့ကြသည်။


ယခုလည်း မြေပေါ်မြေအောက်၊ ပြည်တွင်း ပြည်ပ  နှစ်ဖက်ညှပ် တိုက်ခဲ့သည်။ မြေပေါ်တွင် ဆူပူဆန္ဒပြမှုများ ပြုလုပ်နေချိန်တွင် တစ်ဖက် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ NLD နှင့် NLD မှ မြှောက်ပင့်အားပေး ထောက်ပံ့ပေးသည့်  အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ  ဆက်တိုက်လုပ်ကိုင်လာခဲ့သည်။ အကြမ်း ဖက်သမားများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖမ်းဆီးရမိရသလို အကြမ်းဖက် အဖျက်သမားများ၏ လက်လုပ် သေနတ်၊ လက်လုပ်ဗုံးများအပါအဝင် လက်နက်ပစ္စည်းများ ပေါင်းစုလိုက်လျှင် ထောင်သောင်းချီနေလောက်ပြီ။ 


အဖျက်လုပ်ရပ်တားဆီး


သက်သေသာဓကများဖြင့် ဆိုရပါလျှင် မတ်လ ၅ ရက်နေ့မှစ၍ အကြမ်းဖက်သမားများနှင့် ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများ ဖမ်းဆီးရမိ ခဲ့သည်။ ဧပြီလ ၂၉ ရက်တွင် KNLA တပ်မဟာ(၅)နယ်မြေအတွင်းရှိ ခင်ကျော်(UNRA)ထံမှ ဖောက်ခွဲရေးသင်တန်းတက်ရောက်၍ မြို့ပေါ် တက်လာသော အကြမ်းဖက်သမား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။ မေလ ၁ ရက်တွင် ၃ ဦး၊ မေလ ၂ ရက်တွင် ၁၁ ဦး၊ မေလ ၁၃ ရက်မှ  ၂၇ ရက်နေ့ အတွင်း NLD မှ သိန်းနိုင်နှင့်အဖွဲ့၊ ညီညီနှင့်အဖွဲ့ စသည့် ဆက်စပ် အဖွဲ့ ၂၁ ဖွဲ့ကို  လက်နက်ခဲယမ်းများနှင့်အတူ   ဖမ်းဆီးရမိ ခဲ့သည်။ ဇွန်လ ၆ ရက်တွင် မိတ္ထီလာမြို့နယ် ရွှေအုန်းပင်စားသောက်ဆိုင်ဝင်းအတွင်း မြေအောက်ခန်း၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းအမြောက်အမြား ဖမ်းဆီးရမိခဲ့ သည်။ 


အကြမ်းဖက်လုပ်ရပ်များအား ဖန်တီးပေးသည့် အဓိကလက်သည် တို့ကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၈ ရက်တွင် ပေါင်မြို့ စစ်ဆေးရေးဂိတ်၌ တိုင်းရင်းသားနယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် NUG အဖွဲ့မှ ရည်မွန်ထံသို့ အကြမ်းဖက် လုပ်ငန်းများနှင့် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရေး  လိုအပ်သောညှိနှိုင်းမှုများ ပြုလုပ်ရန် သွားရောက်ခဲ့သည့် ခင်ကျော်ပါ  လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံတို့ကို လက်နက်များနှင့်အတူ ဘီးလင်းမြို့၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ခင်ကျော်၏  ထွက်ဆိုချက်များအရ   သာကေတ၊ လှိုင်သာယာ၊ လှိုင်၊ တောင်ဒဂုံ၊ ရန်ကုန်မြို့အတွင်းနှင့် ပဲခူး၊ သထုံ၊ ဘီးလင်းမြို့များတွင်  လူသတ်သမား၊  အကြမ်းဖက်သမားများကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ကြံရာပါ တစ်သိုက်


ထို့နောက် PDF အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နိုင်ရေးချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသူ ကိုကိုနိုင် (ခ) ဒေါန (အမေရိကန်နိုင်ငံသား၊ ဆိုရှယ်ဗီဇာဖြင့်နေထိုင်သူ)ကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၄ ရက်တွင် မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော တရားခံများ၏ ထုတ်ဖော်ချက်များအရ မန္တလေးတွင် ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်ရေးလုပ်ရပ်များ  ကျူးလွန်နေသူ PDF များအား ဇွန်လ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နေ့တို့တွင် လက်နက်များနှင့်အတူ အသေ၊ အရှင်ဖမ်းဆီးရမိခဲ့သည်။ 


ဖမ်းဆီးရမိသည့် ထွန်းတောက်နိုင်နှင့် အဖွဲ့ဝင်များ၏ ထွက်ဆို ချက်အရ NLD များ  စီစဉ်ပေးမှုဖြင့် KIA  ဌာနချုပ်   လိုင်ဇာတွင် စစ်သင်တန်းတက်ရောက်ပြီး မြို့ပေါ်ပြန်လာကြသည့် PDF များအား ဖမ်းဆီးရမိခဲ့သည်။ ထိုမျှများပြားသော လက်နက်ပစ္စည်းများနှင့် စနစ်တကျလုပ်ကိုင်ပါက ကြောက်မက်ဖွယ်ရာကောင်းသည့် အန္တရာယ် ဆိုးကြီးနှင့် ကြုံတွေ့နိုင်ဖွယ်ရာရှိသည်။ ပြည်သူလူထုနှင့် ပူးပေါင်း နိုင်၍သာ အန္တရာယ်ဆိုးကြီးကို အချိန်မီတားဆီးနိုင်ခဲ့သည်။


အထက်ပါဖြစ်စဉ်များတွင် အသွားစေခိုင်းသူ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ကြံရာပါ ခင်ကျော်(UNRA)နှင့် ကိုကိုနိုင် (ခ)ဒေါန အပါအဝင်ကျူးလွန်သူ PDF ၁၇၃ ဦးတို့ကို လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ်သေနတ် ၃၇ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံး၊ ရှေ့ ထွက်မိုင်း တစ်လုံး၊ ကျည်အိမ် ၂၆၉ ခု၊ ကျည်မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် အဓိကကျပြီး အများအပြား ဖမ်းဆီးရမိသည့် အဖျက်လုပ်ရပ်များဖြစ် သည်။ အကြမ်းဖက်အဖျက်လုပ်ရပ်ပြုလုပ်ကြသည့် ကျန်ကျူးလွန် သူများနှင့် လက်နက်ပစ္စည်းများလည်း ပေါင်းစုလိုက်လျှင် အမြောက် အမြား ရှိသေးသည်။ 


လူမိုက်နှင့် ချိတ်ဆက်


တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင်    စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ခြင်း၊ လက်နက်ခဲယမ်း ဝယ်ယူ ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်ခြင်းကို CRPH နှင့် NUG မှ NLD ရည်မွန်က စေခိုင်းခဲ့ခြင်းဖြစ်သည်။  ဂျပန်နိုင်ငံတွင် နေထိုင်သူ ထွန်းအောင်ကျော် (ABSDF) ဥက္ကဋ္ဌဟောင်း၊ အမေရိကန် နိုင်ငံတွင် နေထိုင်သူ အေးမင်းတို့က နိုင်ငံတကာနှင့်ပြည်တွင်းရှိ NLD ပါတီဝင်များ၊ ၎င်းပါတီကို ဝန်းရံသူ၊  ထောက်ခံသူများထံမှ  ငွေကြေး ထောက်ပံ့မှုများကိုရယူ၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့သည်မှာ ထင်ရှားပေါ်လွင်နေသည်။ ခင်ကျော်သည် ၁၉၈၈ ခုနှစ်တွင် ABSDF သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်  ABSDF  မှ ခွဲထွက်၍   အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖာပွန်မြို့နယ် လဲဝါကျေးရွာ၌ UNRA ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လမှ စတင်၍ ဖောက်ခွဲရေးသင်တန်းများ ဖွင့်လှစ်ခဲ့ပြီး NUG မှ လူမိုက်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။


ကိုကိုနိုင် (ခ) ဒေါန (NDF အဖွဲ့၏   နိုင်ငံတကာဆက်သွယ်ရေး တာဝန်ခံ) သည်  PDF  သင်တန်းအတွက်   လိုအပ်သောစစ်အသုံး အဆောင်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့နိုင်ရေးအတွက် NUG မှ ရည်မွန်၊ ဂျပန်နိုင်ငံမှ ထွန်းအောင်ကျော်၊ ပြည်ပရောက် NLD ပါတီဝင် များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ သည်။ ထွန်းအောင်ကျော်သည် NDF (National Defense Force) အား ဖွဲ့စည်း၍ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ပြည်ပရောက် NLD အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီရရှိရေး နှင့် NUG အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ပြည်တွင်း၌ အကြမ်းဖက် လုပ်ငန်းများ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။


အဖျက်စီမံချက် 


NLD လက်ပါးစေ NUG သည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်အတွက် အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်နေပြီး ပထမ အဆင့်အနေဖြင့် သင်တန်းဆင်း PDF များ မြို့ပေါ်သို့ ပြန်ရောက်ပါက စက်ရုံ/အလုပ်ရုံများအား   မီးရှို့/ဖောက်ခွဲ   ဖျက်ဆီးခြင်းတို့အပြင် အုပ်ချုပ်ရေးမှူးများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ဒုတိယ အဆင့်အနေဖြင့် ဒေသအလိုက် PDF များသည် EAOs အဖွဲ့များနှင့် ပူးပေါင်း၍ တပ်ဌာနချုပ်များကို စီးနင်းတိုက်ခိုက်ခြင်း၊ တတိယအဆင့် အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ငွေကြေးနှင့်လက်နက်များ လက်ခံရယူ၍ အင်အားပိုမိုကြီးမားအောင် လုပ်ဆောင်ခြင်းတို့ကို ကြံစည် ထားသည်။ 


သို့သော် အကြံအစည် အထမမြောက်မီ  ပျက်ပြုန်းကျဆုံးရလေ သည်။  NUG ၏   အကြမ်းဖက်လုပ်ရပ်များကြောင့်   နိုင်ငံအတွင်း အပြစ်မဲ့ပြည်သူ ၁၈၉ ဦး သေဆုံးကာ မီးရှို့ဖျက်ဆီးခံရသော စာသင် ကျောင်း ၆၀၊ အုပ်ချုပ်ရေးမှူးရုံး ၇၄ ရုံး၊ ရဲကင်း/ရဲစခန်း ၃၅ ခုရှိပြီး စာသင်ကျောင်းများ   ဗုံးပေါက်ကွဲမှု  ၂၃၂  ကြိမ်၊  အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ၁၈၂ ကြိမ်၊ ရဲကင်း/ရဲစခန်း ဗုံးပေါက်ကွဲမှု ၆၆ ကြိမ် စုစုပေါင်း ဗုံးပေါက်ကွဲမှု အကြိမ် ၄၈၀ ရှိခဲ့သည်။ ယင်းတို့ကို နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့ခြင်းမရှိပေ။ 


စေခိုင်းသူ CRPH ၊ NUG နှင့် NLD နှင့် ပြည်တွင်း/ပြည်ပ အပေါင်းပါ တို့၏ အကြမ်းဖက်ဖျက်ဆီးရေး လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ များနှင့်  အများပြည်သူအဆောက်အအုံများ ပျက်စီးခဲ့ရသော်လည်း မကောင်းမှုဟူသည် ကြာရှည်ခံရိုး ထုံးစံမရှိဆိုသကဲ့သို့ အကြမ်းဖက် အဖျက်သမား လူ၊ လက်နက်များ လုံးဝရေစုန်မျောခဲ့ရသည်။ မကောင်းမှု ကို တာစူ၍မရ  ပြိုကွဲခဲ့ရသည်။  အာဏာပြန်လည်   လိုချင်မက်မော သော စိတ်ကူးယဉ်အိပ်မက်များဖြင့် သူတစ်ပါး အထောက်အပံ့များနှင့် အထောက်အပံ့ပေးသည့်   လက်နက်များကို   အားကိုးခဲ့ကြသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးကို အနိုင်ကျင့်ဗိုလ်ကျသတ်ဖြတ်ပြီး နိုင်ငံခြားသား၊ မျက်နှာဖြူ၊ မျက်နှာမည်း နယ်ချဲ့လက်သစ်များကို ဆရာတင်သည့်   စီမံပုံအလွဲအမှားများအား ပြည်သူတို့ နားလည်လာကြသည်။ ရှောင်ဖယ် လက်မခံကြတော့ပါ။ 
တိုင်းပြည်နှင့် လူမျိုးကို  မီးလောင်တိုက်သွင်းကာ  ဖျက်ဆီးဖို့ သက်သက် ယုတ်မာရက်စက်သည့် ကြံစည်ချက်များ ဖြစ်သည်။ ယခု အခါ တိုင်းပြည်ဖျက်ဆီးနေသူများကို အပြီးတိုင် ချေမှုန်းနေပြီဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအားလုံး အမြန်ဆုံးအေးချမ်းလုံခြုံလိုပါက သတင်းမှန် သိရသမျှကို သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ကြစေလိုပါသည်။ ဤတာဝန်သည် မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးစီးပွားမပျက်စီးရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်လုပ်ဆောင်ရမည့် အဓိကအချက်ပင် ဖြစ်သည်။  ပြည်သူလူထုပူးပေါင်းကူညီမှုဖြင့်  အကြမ်းဖက်အဖျက် အန္တရာယ်ကို ကာကွယ်နိုင်ခဲ့သည်မှာ ပြည်သူလူထုအကျိုးစီးပွားအတွက် ပင်ဖြစ်ပါသည်။


အကျိုးအကြောင်း၊ အဆိုးအကောင်းနှင့်         
အဟောင်းအသစ်၊ ဖြစ်ပျက်ခြင်းမှာ            
ဤလူ့ရွာ၌                    
ထင်လာနိမိတ်၊ ကြေးမုံရိပ်ဝယ်            
အစိပ် အကျဲ၊ အမည်း အဖြူ                
အပူ အအေး၊ နီး, ဝေး, ထက်, အောက်,         
ဖျောင့်, ကောက်, တွင်း, ပြင်၊ ပီပီထင်၏။        
ဆင်ခြင် တွေးဆ၊ သိလိုက်ရသော်            
လောကအမြင် ရှင်းလိမ့်မည်။    ။ 


        လေးမြိုင် (၂၀၀၄ တစ်သက်တာ စာပေဆုရှင်)


ဆရာကြီး ဦးလေးမြိုင် ဖွဲ့ဆိုခဲ့သော အထက်ပါ စာချိုးလေးကဲ့သို့ပင် အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ပြည်သူအများ   အမှန် သိထားပါက အဖျက်သမားများ ခိုစရာနေရာမရှိပေ။ ထိုအခါ နိုင်ငံ အဝန်း အေးချမ်းပါဘိ။ ပြည်တွင်းသစ္စာဖောက်လောက်ကောင်များ ဖယ်ရှားရှင်းလင်းလိုက်ပါက  ပြည်ပရန်စွယ်   ဝင်လာနိုင်ဖွယ်မရှိပေ။ “ပြည်သူ့စွမ်းအား အထူးကြီးမား” သည်ဟု ဆိုချင်ပါသည်။    ။