ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေမှာရှိတဲ့ ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးကို တစ်ဖက်တစ်လမ်းကနေ ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့အတွက် ကူညီဆောင်ရွက်ခြင်း ဖြစ်ပါတယ်

ကိုဗစ် - ၁၉ လူနာများအတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာများ အောက်ဆီဂျင် မပြတ်လပ်စေရန်  အထူး လိုအပ်ပါသည်။ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူး လှူဒါန်းနေမှုများနှင့်ပတ်သက်၍ ဦးကျော်မျိုးအောင် မန်နေဂျာ (ရွှေဗျိုင်းဖြူ ကုမ္ပဏီ) နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဦးကျော်မျိုးအောင်
မန်နေဂျာ (ရွှေဗျိုင်းဖြူကုမ္ပဏီ) 
  ဒီနေ့  ကျွန်တော်တို့     ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်ကနေပြီးတော့ အများ ပြည်သူအတွက် ရန်ကုန်တိုင်းဒေသကြီး မှာရှိတဲ့ ပြည်သူလူထုအတွက် ကျန်းမာ ရေးဝန်ဆောင်မှုအနေနဲ့       တစ်ဖက် တစ်လမ်းက လိုအပ်တဲ့ အောက်ဆီဂျင်ကို ပေးဝေလှူဒါန်းခြင်းဖြစ်ပါတယ်။
ပေးဝေလှူဒါန်းတာက    ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်နဲ့အတူ    အလှူရှင် များစွာ လှူဒါန်းတဲ့ အလှူလည်း   ဖြစ်ပါ တယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်   လိုအပ်တဲ့ အောက်ဆီဂျင်ကို ပထမအကြိမ် ကနဦး အလှူရှင် ခုနစ်ဦးကနေပြီးတော့မှ  စုစု ပေါင်း အလုံးရေ ၂၆ လုံးကို လှူဒါန်းပြီးတဲ့ နောက်မှာ  နောက်ထပ်လည်း    ဒီလိုပဲ   အလှူရှင်တွေ ထပ်ထပ်တိုးလာတဲ့အခါမှာ အလှူရှင်အားလုံးဟာ   ၂၄ ဦးရှိပြီးတော့ ဒုတိယအကြိမ်   အခုလ ၁၅ ရက်နေ့မှာ ပဲ  နောက်ထပ် ၄၄ လုံး စုစုပေါင်း အလုံး ၇၀ ရှိတဲ့ အောက်ဆီဂျင်ပမာဏကို ထိုင်း နိုင်ငံနဲ့ ကျွန်တော်တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကနဦး အနေနဲ့ ကျွန်တော်တို့   ကုမ္ပဏီဘက်က နေပြီးတော့ မန္တလာမင်းနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်က နေ မှာယူရရှိပြီး ဖြစ်ပါတယ်။ နောက်ထပ် နောက်ထပ်လည်း    လှူဒါန်းမှုအတွက် အလှူရှင်အများကြီးရှိသလို မြန်မာနိုင်ငံ ရဲ့ လိုအပ်တဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ လိုအပ်တဲ့  တိုင်းဒေသကြီးမှာလည်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ပေး ဖို့ ရှိပါတယ်။
အလှူရှင်တွေရဲ့    ရည်ရွယ်ချက်က တော့ ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်စင်တာ တွေမှာရှိတဲ့   ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းတွေအားလုံးကို        တစ်ဖက် တစ်လမ်းကနေ   ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့ အတွက် ကျွန်တော်တို့  ကူညီဆောင်ရွက် ခြင်းဖြစ်ပါတယ်။
ကျွန်တော်မှာယူတဲ့     ထိုင်းနိုင်ငံက အောက်ဆီဂျင်အနေနဲ့ကတော့ Medical Industrial Liquid Oxygen အမျိုးအစား ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Unity Oxy-gen Plus ကနေမှတစ်ဆင့် ပြည်သူလူထု လိုအပ်တာတွေကို   ပေးလှူခြင်းဖြစ်ပါ တယ်။ ဒီကနေမှတစ်ဆင့် ကိုဗစ်စင်တာ တွေ၊ ဆေးရုံတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တခြားသောဝန်ဆောင်မှုတွေ လုပ်နေတဲ့ သူတွေလက်ထဲကို တတ်နိုင်သမျှ လက်ထဲ ရောက်အောင်   ဖြန့်ဖြူးဆောင်ရွက်ပေး ခြင်း ဖြစ်ပါတယ်။
ဦးစားပေးအနေနဲ့ကတော့    ကိုဗစ် စင်တာတွေ၊   ဆေးရုံတွေ၊   ကျန်းမာရေး အသင်းအဖွဲ့တွေ၊   လူမှုရေးအသင်းအဖွဲ့ တွေကို ဦးစားပေးဆောင်ရွက်ပေးပါတယ်။ ပြည်သူလူထုကို  ကိုဗစ်ရောဂါ စည်းကမ်း ချက်များနှင့်အညီ ရောဂါပြန့်ပွားမှု မဖြစ် အောင် တိုကင်စနစ်နဲ့ ၁၀ လုံးဆို ၁၀ လုံး ပမာဏကို ကျွန်တော်တို့အထဲကိုသွင်းပြီး ဖြည့်သွင်းခြင်းများလုပ်ပြီး       သူတို့ကို ပြန်ပေးဝေခြင်းလုပ်ပါတယ်။ အခြားသော အလှူရှင်တွေရဲ့   မွန်မြတ်တဲ့အလှူဒါန ဇီဝိတဒါနတွေမှာ ပင်ပန်းတယ်လို့မရှိဘဲ နဲ့ လုပ်ဆောင်ပေးရတာကို    ကျွန်တော့် အနေနဲ့    ပြည်သူလူထုနဲ့အတူ   ထပ်တူ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ 

သတင်းစဉ်