
နေပြည်တော် စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များကို လှူဒါန်းပေးလျက် ရှိသည်။
လက်ခံရယူ
ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး အလုံး ၆၀၀ ၊ Regulator (Flow Meter)၂၀၀၊ Concentrator 10 Liters အလုံး ၂၀ တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူ များက သွားရောက်လှူဒါန်း ကြရာ အဆိုပါဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူခဲ့သည်။
တပ်ဆင်ထုတ်လုပ်
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ စက်တင်ဘာ ၆ ရက် နှင့် ယနေ့တို့တွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံ ၌ အသစ်တည်ဆောက်ထားရှိ သော Oxygen Plant စက်ရုံ လည်ပတ်ထုတ်လုပ်နေမှု အခြေ အနေများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ အတွက် ကလေးဝမြို့နယ် မဟာ မြိုင်တောရ သဲဖြူဆရာတော် ဘုရားကြီး ဘဒ္ဒန္တပညာဇောတနှင့် ဒါယကာ၊ ဒါယိကာမများမှ လှူဒါန်းထားသည့် အောက်ဆီဂျင် စက်ထားရှိမည့် အဆောက်အအုံ တည်ဆောက်နေမှု အခြေအနေ များကိုလည်းကောင်း သက်ဆိုင် ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုကြ ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်