ပြည်သူ့ဆေးရုံဆိုတာ ပြည်သူတွေအမှန်တကယ် အားကိုးရတဲ့နေရာဖြစ်ပါတယ်။ အခုဆိုရင် သမီးအစ်ကိုကိုလည်း အသည်းလှူပြီးပြီ။ နှစ်ဦးလုံးလည်း ကျန်းမာနေတယ်။  ကုန်ကျစရိတ်ကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးပြီးတော့ နိုင်ငံခြားက ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး​ တွေကို ဖိတ်ခေါ်ပူးပေါင်း

 

ရန်ကုန်မြို့ ခုတင် ၅၀၀ အထူးကုဆေးရုံကြီး၌  (၃၅)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်မှုအနေဖြင့်  အသည်းလူနာ ဒေါက်တာလွင်မိုးကျော်နှင့် အသည်း အလှူရှင် ဒေါ်သိမ့်ရတနာအိမ် (မောင်နှမတစ်ဝမ်းကွဲ) တို့အား ​တွေ့ဆုံ​မေးမြန်းမှုကို တင်ပြလိုက်ရပါသည်။


မသိမ့်ရတနာအိမ်၊ အသက်(၂၂) နှစ်၊ 
၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်


မေး။    အသည်းလူနာနဲ့ အမျိုးတော်စပ်ပုံ သိပါ    ရစေ။
ဖြေ။    မောင်နှမတစ်ဝမ်းကွဲ တော်စပ်ပါတယ်။
မေး။    အသည်းလှူဖြစ်သွားပုံလည်း ပြောပေး     ပါဦး။


ဖြေ။    ကျွန်မအဖေတုန်းကလည်း    အခုလို         ဝေဒနာခံစားပြီး     ဆုံးသွားပါတယ်။  အခုအစ်ကိုကြီးလည်း   ခံစားရတော့   အစ်ကိုကြီး ကျန်းမာဖို့  လှူဖြစ်ခဲ့ပါတယ်။


မေး။    ခွဲစိတ်ခန်းသို့ မဝင်ခင် ဘယ်လိုခံစားရပါသလဲ။
ဖြေ။    ကျွန်မတစ်ခါမှ    ခွဲစိတ်မခံရဖူးပါဘူး၊    အခုက  ကျွန်မအစ်ကိုဖြစ်နေတာရယ်၊ ခွဲစိတ်ပြီးသွားရင်   သူကျန်းမာလာမှာရယ်၊ ကမ္ဘာ့ ထိပ်တန်းခွဲစိတ်ဆရာဝန်ကြီး​တွေနဲ့ ခွဲရတာဖြစ်လို့ ယုံကြည်စွာနဲ့   ခွဲခန်းဝင်ခဲ့ပါတယ်။    ဒါပေမယ့် နည်းနည်းတော့ကြောက်ပါတယ်။


မေး။         ခွဲစိတ်ပြီးနောက် ဘယ်လိုခံစားရပါသလဲ။
ဖြေ။    သမီးအစ်ကိုကိုလည်း  အသည်းပေးပြီး    ပြီ။ နှစ်ယောက်လုံးလည်း    ကျန်းမာ စွာရှိတဲ့အတွက်ကြောင့်    ဝမ်းသာပါတယ်။   လူ တစ်ယောက်ကို      ကယ်ခွင့်ရခဲ့တဲ့အတွက်လည်း သမီးအနေနဲ့ အလွန်ဝမ်းသာပါတယ်။
မေး။    အသည်းအလှူရှင်     တစ်ဦးအနေနဲ့     ဘာများ ပြောချင်ပါသလဲ။
ဖြေ။     ပြည်သူ့ဆေးရုံဆိုတာ      ပြည်သူတွေ    အမှန်တကယ် အားကိုးရတဲ့နေရာဖြစ်ပါ တယ်။   အခုဆိုရင်   သမီးအစ်ကိုကိုလည်း အသည်း လှူပြီးပြီ။ နှစ်ဦးလုံးလည်း ကျန်းမာနေတယ်။ ကုန်ကျ စရိတ်ကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးပြီးတော့ နိုင်ငံခြားက    ကျွမ်းကျင်တဲ့   ဆရာဝန်ကြီး​တွေကို      ဖိတ်ခေါ်ပူးပေါင်းပြီးတော့     စိတ်ချယုံကြည်စွာနဲ့   ခွဲစိတ်မှုခံယူခဲ့တယ်။  အဲ့ဒါကြောင့်မို့ နိုင်ငံတော်က စီစဉ်ပေးတဲ့ တာဝန်ရှိတဲ့သူ လူကြီးများအားလုံးကို လည်း ကျေးဇူးတင်ပါတယ်။ သမီးလိုပဲ စိုးရိမ်ကြောင့် ကြမှုမရှိဘဲ ယုံကြည်စိတ်ချစွာ ပြည်သူ့ဆေးရုံများမှာ လာရောက်ကုသမှုခံယူဖို့ ပြောလိုပါတယ်။


ဒေါက်တာလွင်မိုးကျော်၊ အသက် (၃၀)နှစ်၊ 
၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်


မေး။     ရောဂါခံစားရပုံကို ပြောပေးပါ။
ဖြေ။    အသည်းရောဂါဆိုတာကတော့ နာတာ    ရှည်ရောဂါပါ။ အမောလွယ်လာတယ်၊ အားကုန်လာတယ်၊      ခြေလက်ဖောလာတယ်၊ ဗိုက်တွေပူလာတယ်။


မေး။    အသည်းအစားထိုးခွဲစိတ်ဖို့   ဘယ်လို         စတင်ခဲ့ပါသလဲ။
ဖြေ။    အသည်းအစားထိုးဖို့ဆိုတာ ကျွန်​တော်    တို့အနေနဲ့ မစဉ်းစားခဲ့ဖူးပါဘူး။  လက် လှမ်းမီတဲ့ အရာတစ်ခု မဟုတ်ခဲ့ပါဘူး။ ကုသပေးခဲ့တဲ့ ဆရာဝန်မကြီးက  မင်းအသည်းက  အစားထိုးဖို့လိုနေ ပြီ၊ နိုင်ငံတော်က ကိုရီးယားဆရာကြီးတွေခေါ်ပြီးတော့ အသည်းအစားထိုးပေးဖို့ အစီအစဉ်ရှိတယ်။  ခုတင် ၅၀၀    အထူးကုဆေးရုံကြီးမှာလို့     ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်အသည်းအစားထိုး ခွဲစိတ်ကုသ ဖြစ်သွားတာပါ။


မေး။    ခွဲစိတ်ခန်းကို မဝင်ခင် ဘယ်လိုခံစားရပါ    သလဲ။
ဖြေ။             ၂၀၁၀ ပြည့်နှစ်မှာ ကျွန်တော့် Spleen     တစ်ခါခွဲဖူးပါတယ်။      အဲဒီတုန်းက ငယ်လည်းငယ်သေးတော့ ကြောက်ခဲ့ပါတယ်။  အခု တော့ အသက်(၃၀)လည်း ဖြစ်လာပြီ။ သတင်းတွေ လည်းကြားမိပါတယ်။ ခွဲစိတ်ဖို့လာမယ့် ဆရာကြီး တွေက ကမ္ဘာ့ထိပ်တန်းအသည်းအစားထိုးပညာရှင် တွေပါ။  ဒါ​ကြောင့် စိတ်ချလက်ချပဲ ဘုရား၊ တရား အာရုံပြုပြီးတော့ ခွဲစိတ်ခန်းဝင်ခဲ့ပါတယ်။


မေး။    ခွဲစိတ်ပြီးနောက်  ဘယ်လိုခံစားရပါသလဲ။
ဖြေ။    အသည်းအစားထိုးပြီးနောက် အသည်း    အသစ်ကိုရလိုက်တယ်၊   သက်တမ်းစေ့ နေနိုင်မယ်ဆိုပြီး အလွန်ဝမ်းသာမိပါတယ်။


မေး။    အသည်းအစားထိုးခွဲစိတ်ပြီးတဲ့   လူနာ    တစ်ဦးအနေနဲ့ ပြည်သူလူထုကို ဘာများပြောချင်ပါသလဲ။
ဖြေ။    ပြည်သူ့ဆေးရုံဆိုတာ    ပြည်သူလူထု    အများစု အားကိုးနေရတဲ့   နေရာဖြစ်ပါ တယ်။  လူနာကိုလည်း တတ်နိုင်သမျှ ကုန်ကျစရိတ် နည်းအောင်၊ ဓာတ်ခွဲခန်းစရိတ်ကအစ စီစဉ်ပေးထား တာတွေရှိတော့    တစ်ဦးနှင့်တစ်ဦး   လက်ဆင့်ကမ်းပြီး ပြောကြားအသိပေးဖို့  ပြောပေးကြပါ။  အခု ခုတင် ၅၀၀ အထူးကုဆေးရုံကြီးမှာလည်း အသည်းအစား ထိုးခွဲစိတ်မှုကို အောင်အောင်မြင်မြင် ခွဲစိတ်ကုသမှု ပေးနေတယ်ဆိုတာကိုလည်း    ပြောပြချင်ပါတယ်။ စီစဉ်ပေးသော ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဆေးရုံကြီးမှ    တာဝန်ရှိသူများ၊     ခွဲစိတ် ဆရာဝန်ကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။                 

သတင်းအဖွဲ့