ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၇ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်း များကို ထောက်ပံ့ လှူဒါန်းလျက် ရှိသည်။ ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ကယားပြည်နယ် အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ် ရာများကို အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်း အောင်နှင့်အဖွဲ့ဝင်များက လည်း ကောင်း(အပေါ်ပုံ)၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ လူမှုရေးအဖွဲ့အစည်း (Volunteer) များအတွက် ဆန်၊ ဆီ၊ ပဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိ သူများကလည်းကောင်း အသီးသီး ပေးအပ်ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်