ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

“ကျွန်တော့်အနေနဲ့ ပြည်သူ့စစ်မှု့ထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့  နိုင်ငံသူ၊  နိုင်ငံသားများ၊  မိဘ ပြည်သူများကို သိသင့်သိထိုက်တာတွေ၊ အသိပေး ရမှာတွေကို စဉ်ဆက်မပြတ် တင်ပြအသိပေးလျက် ရှိပါတယ်။ ဒီနေ့မှာလည်း ထပ်မံအသိပေးတင်ပြ  လိုတာတွေကို တင်ပြသွားပါမယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး     မင်းအောင်လှိုင်အနေနဲ့    ပြည်သူလူထု သိရှိအောင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော် ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့ တွေ့ဆုံတဲ့အချိန်မှာ  တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ပြည်ပနိုင်ငံတွေမှာ    တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့   သံအမတ်ကြီးတွေ၊    သံရုံးယာယီ တာဝန်ခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အရန်တပ်ဖွဲ့ ဥပဒေနဲ့ပတ်သက်ပြီး တစ်ကြိမ်ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်တွေကို ကျွန်တော်ထပ်မံအသိပေး လိုပါတယ်။


“ဒီပြည်သူ့စစ်မှုထမ်းဥပဒေဟာ    နိုင်ငံတော် အနေနဲ့    နိုင်ငံတော်ကာကွယ်ရေး    အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ ယခင်ကတည်းက     ပြဋ္ဌာန်းခဲ့တဲ့   ဥပဒေဖြစ်တဲ့ အကြောင်း၊      အဲဒီဥပဒေနဲ့    ပတ်သက်ပြီးတော့ ကျွန်တော်တို့ တွက်ချက်ချင့်ချိန်  ဆောင်ရွက်သွား မှာဖြစ်ပြီး      နိုင်ငံအတွက်လည်း     ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်ဆိုတဲ့အကြောင်းနဲ့ သတ်မှတ်အပိုင်းအခြား အတွင်းမှာ သင့်တင့်လျောက်ပတ်တဲ့ အင်အားသာ တာဝန်ထမ်းဆောင်ဖို့ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ  ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း   ပထမဦးဆုံး   ပြောကြားခဲ့ ပါတယ်။  ဒါလေးကို  ကျွန်တော်တို့   မိဘပြည်သူ များသိအောင်   ထပ်မံတင်ပြလိုပါတယ်။    နောက် တစ်ခုကတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA  နဲ့တွေ့ဆုံတဲ့အခါမှာလည်း သတ်မှတ်အသက်အပိုင်း  အခြားအတွင်းမှာ          သင့်တင့်လျောက်ပတ်တဲ့ အင်အားကိုသာ  သတ်မှတ်ကာလအတွင်း တာဝန် ထမ်းဆောင်စေရန်ဖြစ်ပြီး     နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း   ပြောကြား ခဲ့ပြီး    ထုတ်ပြန်ထားတဲ့   ဥပဒေကိုလေ့လာခြင်း မရှိဘဲနဲ့    အခြေအမြစ်မရှိတဲ့    သတင်းမှားတွေ ထင်မြင်သုံးသပ်ချက်တွေပေါ် အခြေခံပြီး သွေးထိုး လှုံ့ဆော်နေတာတွေရှိလို့ မိဘပြည်သူများ သတိပြု ကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။


“ဒါ့အပြင် သံအမတ်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါ မှာလည်း     အရန်တပ်ဖွဲ့ဥပဒေနဲ့    ပတ်သက်ပြီး  အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းဟောင်းအားလုံးကို  ပြန်လည်ခေါ်ယူမယ်လို့ဆိုလိုတာ     မဟုတ်ဘဲနဲ့၊ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန် ပေးအပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီးဖြစ်ပါ တယ်။ ပြည်သူလူထုအားလုံးသိရှိအောင် နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ မကြာခဏ ပြောကြားခဲ့တာတွေ    ရှိပါတယ်။     နိုင်ငံတစ်ခု တည်ဆောက်ဖို့၊    နိုင်ငံတစ်ခု   တည်မြဲဖို့အတွက် နိုင်ငံရေးစွမ်းအား POLITICAL MIGHT ၊ စီးပွားရေး စွမ်းအား  ECONOMIC MIGHT နဲ့ ကာကွယ်ရေး စွမ်းအား MILITARY MIGHT ကောင်းဖို့လိုအပ်တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေး စွမ်းအားက  အဓိကပါပဲ။ ဒါမှကျန်တဲ့  စွမ်းအား တွေကို   မြှင့်တင်နိုင်တယ်ဆိုတာလည်း  ပြောကြား ခဲ့ပြီးဖြစ်ပါတယ်။ ဒီစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ သီအိုရီတွေ၊ အယူအဆတွေ မျိုးစုံရှိပေမယ့်  ရှုပ်ရှုပ် ထွေးထွေး မပြောလိုပါဘူး။ တစ်ခုပဲပြောလိုပါတယ်။ စီးပွားရေးအင်အားတောင့်တင်းဖို့ဆိုရင် ရိုးရိုးရှင်းရှင်း နဲ့  ကျမ်းရိုးဘောဂဗေဒမှာ  ပြောထားတဲ့အတိုင်း  ကုန်ထုတ်စွမ်းအားစုတွေ တောင့်တင်းဖို့လိုတယ်။ ကုန်ထုတ်ဆက်ဆံရေး စနစ်တကျခိုင်မြဲဖို့လိုပါမယ်။


“ ကုန်ထုတ်စွမ်းအားစုဆိုတဲ့ နေရာမှာ ဆန်းသစ် တဲ့အယူအဆတွေ မျိုးစုံပေါ်လာမှုနဲ့ ယခင်ကျမ်းရိုး ဘောဂဗေဒအတိုင်းဆိုရင်တော့  (LAND  LABOUR CAPITAL) ကုန်ထုတ်စွမ်းအားစုနဲ့ မြေယာလုပ်အား အရင်းအနှီးပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို အလေးအနက်ထားပါတယ်။ လုပ်အားဆိုတဲ့နေရာ မှာ လူသားအရင်းအနှီး  HUMAN  CAPITAL  သည် အလေးထားရမှာ  ဖြစ်ပါတယ်။  ဒီထဲမှာ  LABOUR လုပ်အားဆိုတာပါ ပါတယ်။ ဒါတွေကို ကျွန်တော် တို့က အစိုးရတစ်ရပ်အနေနဲ့ အမြဲတမ်းအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ခုနကပြောတဲ့ နိုင်ငံရေး စွမ်းအားတွေ၊ စီးပွားရေးစွမ်းအားတွေ၊ ကာကွယ် ရေးစွမ်းအားတွေ ဒီနိုင်ငံတော်အတွက်  လိုအပ်တဲ့ စွမ်းအားစုတွေကို         တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့   အစိုးရအနေနဲ့    ဘက်ညီမျှတစွာ ကျင့်သုံးသွားမှာပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်ဖျက် မီဒီယာတွေ၊ တချို့သော EAOS တွေက ကောလာ ဟလတွေ ထုတ်လွှင့်ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက်ဖြစ်အောင်၊        ပြည်သူလူထုစိုးရိမ် ထိတ်လန့်မှုတွေဖြစ်အောင် လုပ်ဆောင်နေတာမျိုး တွေ ကျွန်တော်တို့ တွေ့ရပါတယ်။


 “ကျွန်တော်ယခင်ကလည်း အင်အားနဲ့တကွ တွက်ချက်တင်ပြပြီးဖြစ်ပါတယ်။    ၂၀၁၉     ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ     နိုင်ငံတော်     ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့အတွက်     ထမ်းဆောင်နိုင်တဲ့၊ အကျုံးဝင်နိုင်တဲ့  အင်အား  ၁၃  သန်း  ရှိပါတယ်။ ဒီအထဲမှာ အမျိုးသားအင်အားက ၆ သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ     နိုင်ငံတော်ကာကွယ်ရေး   တာဝန် ထမ်းဆောင်စေရာမှာ ဒီအမျိုးသားဦးရေ ၆ သန်း ထဲကမှ ၁ ရာခိုင်နှုန်း  ၆  သောင်းနီးပါးလောက်ပဲ ကျွန်တော်တို့   ခေါ်ယူနိုင်မှာဖြစ်ပါတယ်။  ဒါတွေ ကလည်း အလှည့်ကျဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင် တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျ အကျုံးဝင်တဲ့အလျောက်     တာဝန်ထမ်းဆောင်ရ တာဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးရင်  ဦးစားပေးအလိုက်   ဝန်ထမ်း ခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထား တာတွေ ဒါတွေသည်လည်း ရှိလာမှာဖြစ်ပါတယ်။  ဒါကြောင့်   ကျွန်တော်အနေနဲ့   ဒီနေ့မှာရှင်းလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”။