ပြည်သူ့စစ်မှုထမ်းစနစ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များအားတွေ့ဆုံစဉ် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍ နိုင်ငံတော်နှင့်နိုင်ငံ့အကြီးအကဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ပြောကြားခဲ့မှု၊ ပြည်သူ့စစ်မှုထမ်းစနစ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့       နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ YMBA အသင်းရဲ့ အလုပ် အမှုဆောင်အဖွဲ့နဲ့  တွေ့ဆုံခဲ့ပါတယ်။  တွေ့ဆုံခဲ့တဲ့ နေရာမှာ ကျွန်တော်တို့ လူငယ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲရဲ့ မျှော်မှန်းချက်  ရည်မှန်း ချက်၊ နိုင်ငံတော်ရဲ့   မျှော်မှန်းချက်     ရည်မှန်းချက်နဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြခဲ့ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် လူမှုရေး ဦးတည်ချက်တွေမှာ  လူငယ်လူရွယ်များကို    ဗလ ငါးတန်ဖြစ်တဲ့   ကာယ၊   ဉာဏ၊  စာရိတ္တ၊  မိတ္တ၊ ဘောဂတွေနဲ့ ပြည့်စုံတဲ့ လူငယ်တွေ မွေးထုတ်ပေး နိုင်ဖို့၊ လေ့ကျင့်ပေးနိုင်ဖို့  ဦးတည်ချက်ပါတယ်ဆိုတာ ကို အသေးစိတ်ပြောပြခဲ့ပါတယ်။  လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲလို့ လူငယ်တိုင်း လူငယ် တိုင်းသည် တိုင်းပြည်ရဲ့ အနာဂတ်ပဲဖြစ်ပါတယ်။ ယနေ့လူငယ်  နောင်လူကြီးဆိုတဲ့ စကားအတိုင်း တိုင်းပြည်ကိုတစ်ချိန်မှာ ကျွန်တော်တို့ရဲ့လူငယ်တွေ က ဦးဆောင်သွားရမှာဖြစ်ပါတယ်။


ဒီလူငယ်တွေဟာ  လက်ရှိမြန်မာနိုင်ငံရဲ့  အခြေ အနေ၊  ပထဝီနိုင်ငံရေး  အခြေအနေတွေအရသည် လူငယ်တွေသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပြည့်ဝ နေဖို့ အရေးကြီးပါတယ်။ ဒီလို နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်    ပြည့်ဝနေတဲ့အပြင်   ဒီလူငယ်တွေသည် နိုင်ငံတကာက   လေးစားခန့်ညားရတဲ့  လူငယ်တွေ၊ စွမ်းအင်ရှိတဲ့ လူငယ်တွေ ဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ် ဖို့အတွက်  ကျွန်တော်တို့အနေနဲ့   လူငယ်တွေကို မိမိနိုင်ငံကိုမိမိ ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ၊  မိမိလူမျိုးကိုမိမိ    ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့ အသိပညာများပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလိုအပ်တဲ့ အတွက်လည်း ပြည်သူ့စစ်မှုထမ်းစနစ် တစ်နည်း အားဖြင့်   အမျိုးသားစစ်မှုထမ်းစနစ်ကို    စတင် ကျင့်သုံးရခြင်းပဲဖြစ်ပါတယ်။    ဒီပြည်သူ့စစ်မှုထမ်း စနစ် အမျိုးသားစစ်မှုထမ်းစနစ်ဆိုတာ ကျွန်တော် တို့နိုင်ငံတစ်နိုင်ငံတည်းမှာ      ကျင့်သုံးနေတာ  မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအများစုမှာ ဥပဒေပြဋ္ဌာန်း ထားပြီး ဖြစ်ပါတယ်။ လက်တွေ့ကျင့်သုံးတဲ့နိုင်ငံ၊ လက်တွေ့  မကျင့်သုံးတဲ့နိုင်ငံ၊  တစ်စိတ်တစ်ပိုင်းပဲ ကျင့်သုံးတဲ့နိုင်ငံ၊ အချိန်ပိုင်းပဲကျင့်သုံးတဲ့နိုင်ငံ  ဒီလို မျိုးကွဲခြားချက်တွေနဲ့ရှိပါတယ်။ ဒီလိုမျိုးဆောင်ရွက် တဲ့   နေရာမှာလည်း   ကျွန်တော်ယခင်ကလည်း ပြောခဲ့ပြီး   ဖြစ်ပါတယ်။    ဒီလူငယ်လူရွယ်တိုင်း   အကျုံးဝင်တဲ့ လူငယ်လူရွယ်တိုင်းသည်  ပြည်ဖျက် မီဒီယာများ၊ EAO အချို့သော  ဖောက်ပြန်တဲ့ EAO အဖွဲ့များ၊ သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက် အဖွဲ့များက လူငယ်လူရွယ်များကို  လမ်းမှားရောက် အောင်    ချောက်တွန်းနေသလို   အားလုံးသည်   နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရမှာ မဟုတ်ပါဘူး။ အလှည့်ကျပဲ ထမ်းဆောင်ရမှာဖြစ်ပါ တယ်။ ကျွန်တော်ပြောခဲ့ပြီးသလိုပဲ  လူ  ၂၀၀ မှာ တစ်ယောက်တောင်  ထမ်းဆောင်နိုင်ဖို့  နိုင်ငံတော် တာဝန် ကာကွယ်ရေးတာဝန်ကို  တစ်နှစ်မှာ   လူ ၂၀၀ မှာ တစ်ယောက်ထမ်းဆောင်နိုင်ဖို့  ခဲယဉ်းပါ တယ်။ 


ဒါ့အပြင် ကျွန်တော်တို့အနေနဲ့  ပြည်သူ့စစ်မှု ထမ်းဥပဒေအရ   တာဝန်ထမ်းဆောင်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ လစာနှုန်းထား၊ ရိက္ခာ၊  ခံစားခွင့် အားလုံးပေးရမှာ     ဖြစ်ပါတယ်။      ဒါကြောင့်မို့    နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း မိမိရဲ့ ဝန်နဲ့ အားနဲ့ညီမျှအောင်            ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆို တာလည်း    ပြောကြားခဲ့ပြီးဖြစ်ပါတယ်။   ဒီလို ဆောင်ရွက်တဲ့နေရာမှာ  ကျွန်တော်တို့အနေနဲ့ စနစ် တကျကောင်းမွန်တဲ့လေ့ကျင့်မှု (Well Train)၊ စနစ် တကျကောင်းမွန်တဲ့စုဖွဲ့မှု (Well Organization)၊ စနစ်တကျ ကောင်းမွန်တဲ့ပြင်ဆင်မှု (Well Preparing) ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။   လူငယ်တွေရဲ့  ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊   စိတ်ပိုင်းဆိုင်ရာ၊  ခံယူချက် ပိုင်းဆိုင်ရာ ယုံကြည်ပြည့်ဝစေဖို့ ဆောင်ရွက်မှာပဲ ဖြစ်ပါတယ်။   နိုင်ငံတော်ကာကွယ်ရေးတာဝန် အတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အတွက်    စစ်နည်းပညာရပ်တွေ၊   ကာကွယ်ရေး ပညာရပ်တွေ သင်ကြားပေးခြင်းဖြင့် လူငယ်များအား မိမိကိုယ်ကိုယုံကြည်စိတ်၊  မိမိအဖွဲ့အစည်းအပေါ် ယုံကြည်စိတ်၊ မိမိနိုင်ငံအပေါ်ယုံကြည်စိတ်၊ မိမိ လူမျိုးအပေါ်ယုံကြည်စိတ်တွေ    တိုးမြင့်လာမှာ ဖြစ်ပါတယ်။


ဒီယုံကြည်စိတ်၊ ယုံကြည်မှုဟာ သိပ်ကိုအရေး ပါတဲ့  အခန်းကဏ္ဍကပါဝင်ပါတယ်။   ယုံကြည်မှု သည်  ရဲစွမ်းသတ္တိဖြစ်ပါတယ်။    လူငယ်များအနေနဲ့  နိုင်ငံတော်ကာကွယ်ရေးပညာရပ်တွေကို သင်ကြား တတ်မြောက်ခြင်းအားဖြင့်    မိမိတို့ရဲ့   ဘဝတစ် လျှောက်လုံးမှာ    ယုံကြည်မှုရဲစွမ်းသတ္တိအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက တစ်နှစ်တွင် လူ ၂၀၀ မှာ တစ်ယောက်    နိုင်ငံတော်ကာကွယ်ရေး   တာဝန် ထမ်းဆောင်နိုင်ဖို့   ရွေးချယ်ခွင့်ရရှိဖို့    ဖြစ်နိုင်မှာ ဖြစ်ပါတယ်။   ခုနကပြောသလို   ယုံကြည်မှုသည် ရဲစွမ်းသတ္တိ   Believable  Courage   ဖြစ်တယ်။ ဒါ့ကြောင့်   ဘဝတစ်လျှောက်လုံးမှာ  မိမိနိုင်ငံကို ကာကွယ်နိုင်တဲ့ ယုံကြည်မှု၊ မိမိကိုယ်ကို ကာကွယ် နိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ မိမိ မိသားစုကို ကာကွယ် နိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ မိမိလူမျိုးကို ကာကွယ်နိုင် တယ်ဆိုတဲ့ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံတော်ကာကွယ်ရေးပညာကို သင်ကြား နိုင်ဖို့  ဆောင်ရွက်ကြပါစို့လို့  တိုက်တွန်းပြောကြား လိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။