ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်၊   ၁  / ၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း   ၄   ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ   ၁၃  ရက်)
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း
    နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့်    ဒို့တာဝန်အရေးသုံးပါးကို    စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့ စစ်မှုထမ်းဥပဒေ  ပုဒ်မ  ၆  အရ     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို   အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
    (က)    ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး     ဥက္ကဋ္ဌ
        ကာကွယ်ရေးဝန်ကြီးဌာန
    (ခ)    ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)     ဒုတိယဥက္ကဋ္ဌ
        ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
    (ဂ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        ပြည်ထဲရေးဝန်ကြီးဌာန
    (ဃ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        နယ်စပ်ရေးရာဝန်ကြီးဌာန
    (င)    ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်    အဖွဲ့ဝင်
        ဥပဒေရေးရာဝန်ကြီးဌာန
    (စ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        ပြန်ကြားရေးဝန်ကြီးဌာန
    (ဆ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
    (ဇ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
    (ဈ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        အလုပ်သမားဝန်ကြီးဌာန
    (ည)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        ပညာရေးဝန်ကြီးဌာန
    (ဋ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        ကျန်းမာရေးဝန်ကြီးဌာန
    (ဌ)    ပြည်ထောင်စုဝန်ကြီး    အဖွဲ့ဝင်
        တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
    (ဍ)    စစ်ထောက်ချုပ်    အဖွဲ့ဝင်
        စစ်ထောက်ချုပ်ရုံး
    (ဎ)    စစ်ဥပဒေချုပ်    အဖွဲ့ဝင်
        စစ်ဥပဒေချုပ်ရုံး
    (ဏ)    တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်    အဖွဲ့ဝင်
        တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
    (တ)    ညွှန်ကြားရေးမှူး    အဖွဲ့ဝင်
        ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး
    (ထ)    စစ်ရေးချုပ်    အတွင်းရေးမှူး
        စစ်ရေးချုပ်ရုံး
    (ဒ)    ညွှန်ကြားရေးမှူး     တွဲဖက်အတွင်းရေးမှူး
        ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး
                
    အမိန့်အရ
    ဇော်သန်းသင်း
    အတွင်းရေးမှူး            ပြည်ထောင်စုအစိုးရအဖွဲ့