ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုများမရှိစေရန် ကျင့်ဝတ်များနှင့်အညီ စစ်ဆေးထိန်းကျောင်းပေးကြရန်လိုအပ်

 

နေပြည်တော်  ဇန်နဝါရီ   ၂၈
ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်း စစ်ချုပ်ရုံး    တာဝန်ခံညွှန်ကြား ရေးမှူးများ၏  ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၃)ကို  ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး   နဝရတ်ခန်းမ၌ ကျင်းပသည်။  
ဆွေးနွေးပွဲ   ပထမနေ့တွင် ပြည်ထောင်စု    စာရင်းစစ်ချုပ် ဦးတင်ဦးက ပြည်ထောင်စုစာရင်း  စစ်ချုပ်ရုံးသည်     အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးစာရင်းများနှင့်    လုပ်ငန်း ဆောင်ရွက်မှုများကို   ဥပဒေနှင့် အညီ   စစ်ဆေးခြင်း၊  အစီရင် ခံတင်ပြခြင်းများကို  ဆောင်ရွက် လျက်ရှိပါကြောင်း၊  ထိုသို့ ဆောင် ရွက်ရာတွင်  ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု  မရှိစေရန်နှင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုမရှိစေရန် ကျင့်ဝတ်များနှင့်အညီ   စစ်ဆေး ထိန်းကျောင်းပေးရန်  လိုအပ်ပါ ကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန် များသည် နိုင်ငံတော်တည်ဆောက်  ရေးတွင် အရေးပါသည့်  အခန်း ကဏ္ဍမှ   ပါဝင်သဖြင့်   နိုင်ငံနှင့် ပြည်သူအတွက်  အရည်အသွေး ပြည့်ဝသည့်    အစီရင်ခံစာများ  ထုတ်ပြန်နိုင်ရန် လိုအပ်ပါကြောင်း၊ အဂတိလေးပါး    ကင်းရှင်းပြီး တာဝန်ယူမှု၊      တာဝန်ခံမှုဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အရေးကြီး  စစ်ဆေးတွေ့ရှိချက် များ၊  ချက်ချင်းအရေးယူဆောင် ရွက်ရန်    လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ   တင်ပြရန် လိုအပ်ပါကြောင်း၊  သတင်းအချက် အလက်      လုံခြုံမှုရှိစေရန်ကို လည်း အထူးသတိပြု ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊   ကျင့်ဝတ် စံတန်ဖိုးများကိုလည်း     အလေး ထားလိုက်နာကြရန်      လိုအပ် ကြောင်း။
စစ်ဆေးရေး   လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများ ၏  ကျွမ်းကျင်မှုသည်   အလွန် အရေးကြီးပါကြောင်း၊   သို့ပါ၍ ဝန်ထမ်းများကို   ရာထူးအလိုက် ကျွမ်းကျင်မှု      သင်တန်းများ တက်ရောက်စေခြင်းသာမက မိမိ တို့  လုပ်ငန်းခွင်တွင်လည်း  Job Training များ၊ အသိပညာ မျှဝေ ရေးအစီအစဉ်များကို ဆောင်ရွက်  ပေးခြင်းဖြင့် မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို  မြှင့်တင် ပေးရန်လိုအပ်ပါကြောင်း  ပြော ကြားသည်။ (အပေါ်ပုံ)
ယင်းနောက်     ဆွေးနွေးပွဲ သို့    တက်ရောက်လာကြသော ရှမ်းပြည်နယ်၊    ရန်ကုန်တိုင်း ဒေသကြီး၊          ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ကယား ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်  ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး များက  ဘဏ္ဍာရေးစာရင်းစစ်ဆေး  ခြင်း၊     လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း၊  လုပ်ငန်းဆောင်ရွက်  မှုစစ်ဆေးခြင်း၊ Real Time Audit  နှင့်    တာဝန်ပေးစစ်ဆေးခြင်း ဆိုင်ရာများ၊     ဝန်ထမ်းပိုင်းနှင့် စာရင်းပိုင်းဆိုင်ရာများ၊ တွေ့ကြုံ ရသည့်      အခက်အခဲများနှင့်  ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို     တင်ပြဆွေးနွေး ခဲ့ကြသည်။ 
ဆွေးနွေးပွဲ     ဒုတိယနေ့ကို ယမန်နေ့က   ဆက်လက်ကျင်းပ ခဲ့ပြီး       ကျန်တိုင်းဒေသကြီး/  ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော်   စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံ   စာရင်းကောင်စီရုံး ညွှန်ကြားရေးမှူးများက စစ်ဆေး ရေး၊   ဝန်ထမ်းနှင့်   စာရင်းပိုင်း ဆိုင်ရာကိစ္စရပ်များကို    တင်ပြ ဆွေးနွေးကြသည်။
ထို့နောက် စစ်ဆေးရေးဦးစီး ဌာန   ညွှန်ကြားရေးမှူးချုပ်က စစ်ဆေးရေးလုပ်ငန်း ဆိုင်ရာများ၊ စီမံရေးရာ၊      လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်က      စီမံရေးရာနှင့် ဝန်ထမ်းဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြ မှုများအပေါ်     အမြဲတမ်းအတွင်း ဝန်က ဖြည့်စွက်ရှင်းလင်းဆွေးနွေး မှာကြားသည်။ 
ယင်းနောက်  ဒုတိယစာရင်း စစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊  လုပ်ငန်းဆိုင်ရာ  ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ဆွေးနွေးမှာကြား သည်။ 
ထို့နောက်     ပြည်ထောင်စု စာရင်းစစ်ချုပ်က    လိုအပ်သည် များကို     ပေါင်းစပ်ညှိနှိုင်းပေးပြီး  နိဂုံးချုပ်အမှာစကား   ပြောကြား ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်