ပြည်သူအားလုံးကျန်းမာရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မော်လမြိုင်ကျွန်း 


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် အားကစားခန်းမသစ်၌ သြဂုတ် ၁၁ ရက်  နံနက် ၉ နာရီမှစတင်၍ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက် ရှိသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သေဆုံး မှုလျှော့ချရေး၊ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေး၊  နိုင်ငံ့စီးပွားရေးထိခိုက်မှု ဖြစ်ပွားစေနိုင်မည့် အခြေအနေများ မဖြစ် ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေး အုပ်စုများခွဲခြားကာ   စုရပ်အသီးသီးတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

 
အောင်အောင်(ပြန်/ဆက်)
ရိခေါဒါရ်    
ချင်းပြည်နယ် ရိခေါဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီ အစဉ်အလိုက် ဒုတိယနေ့ ထိုးနှံပေးခြင်းကို သြဂုတ် ၁၀ ရက်က  ရိခေါဒါရ်မြို့  အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ရိခေါဒါရ်မြို့တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံပေးခြင်းဖြစ် ပြီး ဦးစားပေးအစီအစဉ်အလိုက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းတို့အား ထိုးနှံ ပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံသူ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး  ၂၀ စုစုပေါင်း ၇၂ ဦးတို့ အား ဒုတိယနေ့တွင် ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုဦးစားပေးအလိုက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၁၂ ဦး၊ သာသနာ့ဝန်ထမ်း လေးပါး၊ နိုင်ငံ့ ဝန်ထမ်း ၂၀၊ ဝန်ထမ်းမိသားစု ခုနစ်ဦးနှင့် စေတနာ့ဝန်ထမ်း ၂၉ ဦးရှိကြောင်း သိရ သည်။                      

ပက်ကာ (ရိရေကန်)

ဆွမ်ပရာဘွမ်   


ကချင်ပြည်နယ်  ပူတာအိုခရိုင်   ဆွမ်ပရာ ဘွမ်မြို့နယ်တွင်     ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဝင်များ၊   ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ရှိ    ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီ က     ဆွမ်ပရာဘွမ်မြို့နယ်   မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။


အဆိုပါ  ကိုဗစ်-၁၉  ကာကွယ်ဆေး Sinopharm   ထိုးနှံနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်တွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များက     မြို့နယ်ရှိ   မိဘ ပြည်သူများအား  ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များကို   အသံချဲ့စက်ဖြင့်   အသိ ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးအလုံးရေ ၂၀၀ ရောက်ရှိကာ ဆေးတစ်လုံးကို  နှစ်ဦးနှုန်း ဖြင့်  လူဦးရေ  ၄၀၀ ကို ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 


 မြို့နယ်(ပြန်/ဆက်)

ပြည်


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မူယာပင် ခန်းမနှင့် အထက(၁)တို့၌ သြဂုတ် ၁၁  ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက စတင် ၍ ပြည်မြို့ မူယာပင်ခန်းမနှင့် အထက(၁)တို့၌  စက်ရုံ၊  အလုပ်ရုံ  လုပ်သားများ၊ စည်ပင်သာယာဈေးများမှ ဈေး ရောင်းသူ များကို မူယာပင်ခန်းမနှင့် အထက(၁)တို့တွင် စုစုပေါင်းလူဦးရေ ၁၂၀၀ ခန့်အား နံနက် ၈ နာရီခွဲ မှမွန်းတည့် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီခွဲအထိ 
တစ်နေ့   နှစ်ကြိမ်ခွဲ၍   ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  


 ခရိုင်(ပြန်/ဆက်)