ပြည်ပတင်ပို့မည့် အေးခဲငါးထွက်ကုန်များတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပါဝင်မှုမရှိစေရေးအတွက် RT-PCR စက်ဖြင့် စစ်ဆေးနိုင်ရေး ဆောင်ရွက်သွားမည်

 

နေပြည်တော် စက်တင်ဘာ ၂၉


စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ အနေဖြင့် အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေး ကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊     ပြည်ပပို့ကုန်များ အတွက် ဈေးကွက်က သတ်မှတ် ထားသော စံချိန်စံညွှန်းပြည့်မီရေး၊ FAO,  WHO  နှင့်   GACC တို့၏ ကိုဗစ်-၁၉   ရောဂါ     ကာကွယ် ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ ၊ ပို့ကုန်ပစ္စည်း များ  ထုတ်လုပ်မှု   လုပ်ငန်းစဉ် တစ်လျှောက်၏   လုပ်ငန်းခွင် အတွင်း    လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များနှင့်     အညီ တိကျစွာ  ဆောင်ရွက်ခြင်းဖြင့် မိမိတို့     ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏    အရည်အသွေး ကို အာမခံချက်ကောင်းပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ယနေ့ ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည့် ရေထွက်ပစ္စည်း များ တင်ပို့သည့် လုပ်ငန်းရှင်များ နှင့်   တွေ့ဆုံဆွေးနွေးပွဲ  အခမ်း အနားတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်    ဆည်မြောင်းဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဒေါက်တာ အောင်ကြီးက ဆွေးနွေး ပြောကြား သည်။


ဆွေးနွေးပွဲသို့    ငါးလုပ်ငန်း ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊      မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိ သူများ   လုပ်ငန်းရှင်များ  တက် ရောက် ဆွေးနွေးကြသည်။


ပြည်ပတင်ပို့မည့် အေးခဲငါး ထွက်ကုန်များတွင် ကူးစက်ရောဂါ ပါဝင်မှုမရှိစေရေးအတွက် ငါးတင် ငါးချ ဆိပ်ကမ်းများ ၊ စက်ရုံများရှိ အလုပ်သမားများနှင့်      ပစ္စည်း ထုပ်ပိုးသည့်   ဝန်ထမ်းများအား ကိုဗစ်-၁၉   ရောဂါ    ကာကွယ် ထိန်းချုပ်ရေးအဖြစ် Rapid Test-kit ဖြင့် စစ်ဆေး၍ မှတ်တမ်းများ ထားရှိ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု     အာဏာပိုင်အဖွဲ့ (GACC) ၏ တောင်းဆိုချက်အရ ပိုမို တိကျသည့် RT-PCR စက်ဖြင့် စစ်ဆေးပေးနိုင်ရန် လိုအပ်လျက် ရှိရာ RT-PCR စက်ကို လုပ်ငန်းရှင် များ၏  ကူညီဆောင်ရွက်မှုဖြင့် ဝယ်ယူနိုင်ရေးနှင့် ရောဂါစစ်ဆေး ခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီး ဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း    ဆောင်ရွက်နိုင်ရေး အတွက်     ယနေ့    ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း     သိရ သည်။                      

 သတင်းစဉ်