
နေပြည်တော် ဇန်နဝါရီ ၂၀
ပြည်ပသင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် အစည်းအဝေးများ တက်ရောက်ခဲ့သော အရာထမ်း/ အမှုထမ်းများက အတွေ့အကြုံ များ ရှင်းလင်းတင်ပြခြင်း အစီ အစဉ်ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီး ဌာနများမှ အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ၂၀၂၂ခုနှစ်အတွင်း ပြည်ပ ခရီးစဉ်များရှိလာပြီး ဝန်ကြီးဌာန အတွင်း အရာထမ်း ၇၀၊ အမှုထမ်း ၁၀ ဦး၊ စုစုပေါင်း ၈၀ တို့သည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ အစရှိသည့် နိုင်ငံများသို့ ခရီးစဉ် ၃၄ ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆောင် ရွက်နိုင်မှုမှသည် နိုင်ငံတကာနှင့် ဆိုင်သော အတွေ့အကြုံ အသိ ပညာများ ရရှိလာမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပပညာသင် စေလွှတ်ခြင်း ကိစ္စရပ်များကို အားပေးလျက် ရှိပါကြောင်း၊ Life Long Learning အနေဖြင့် လုပ်ငန်းခွင်သင်ကြား ရေးသာမက ပြည်ပအစည်းအဝေး များ၊ ညီလာခံများ တက်ရောက် ခြင်းဖြင့် သင်ယူရမည်ဖြစ်ပါ ကြောင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်သူများ အနေဖြင့် နိုင်ငံတော်နှင့် ဌာနအပေါ်တွင် ပြန်လည် အကျိုးပြုရမည်ဖြစ်ပါ ကြောင်းနှင့် တက်ရောက်လာသူ များအနေဖြင့် အတွေ့အကြုံများ ဖလှယ်မျှဝေခြင်း အစီအစဉ်တွင် ဗဟုသုတများ တိုးပွားစေရေး သေချာမှတ်သားပြီး သိရှိလိုသည် များကို ဆွေးနွေးမေးမြန်းကြ ပါရန် ပြောကြားသည်။
အဆိုပါ အတွေ့အကြုံရှင်း လင်းခြင်းအစီအစဉ် ပထမပိုင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ဆောင်ရွက်ခဲ့ရာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ကဏ္ဍပေါင်းစုံ၌ ကျား/ မ တန်းတူ ညီမျှရေးအမြင် ထည့်သွင်းစဉ်းစား ရေးဆိုင်ရာ အာဆီယံအမျိုးသမီး များနှင့် ကလေးသူငယ်များ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ကော်မရှင်နှင့် အာဆီယံအမျိုး သမီးကော်မတီ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်းတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ စံသတ်မှတ်ချက်များနှင့် အသိ အမှတ်ပြု ထောက်ခံချက်များ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အရာထမ်း နှစ်ဦး၊ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် မာနာဒို မြို့၌ (၇) ကြိမ်မြောက် အာဆီယံ ကလေးသူငယ်များဖိုရမ်သို့ ပါဝင် တက်ရောက်ခဲ့သော အရာထမ်း နှစ်ဦးမှ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယနေ့အစီအစဉ်တွင် ကမ္ဘော ဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ သတင်းအချက်အလက် နှင့် နည်းပညာဖိုရမ်သို့ တက် ရောက်ခဲ့သော လူမှုဝန်ထမ်းဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် အရာထမ်း တစ်ဦး၊ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဆိုင်ရာ အဆင့်မြင့်အမှုဆောင် အစီအစဉ်သို့ တက်ရောက်ခဲ့သော အရာထမ်းနှစ်ဦးနှင့် စင်ကာပူနိုင်ငံ တွင် ကျင်းပသည့် ပိုမိုအကျုံးဝင် စေသော လူ့အဖွဲ့အစည်းဖြစ်စေ မည့် ကျား/မ တန်းတူညီမျှရေး သင်တန်းသို့ တက်ရောက်ခဲ့သော အရာထမ်းတစ်ဦးတို့က ဘာသာ ရပ်ဆိုင်ရာ အသိပညာများ ပြန်လည်ရှင်းလင်း မျှဝေခဲ့ကြကာ တက်ရောက် လာသူများက မေးခွန်းများမေးမြန်းခြင်း၊ မိမိတို့ ဌာနအလိုက် ဆက်လက်ဆောင် ရွက်သင့်သည့် အကြံပြုချက်များ ဖော်ထုတ် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်