နေပြည်တော် ဖေဖော်ဝါရီ ၁၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန မြိတ် ကုန်သွယ်ရေးစခန်းတို့မှ တာဝန်ခံ ရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင် ပြေချောမွေ့စေရေး၊ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ် စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (MSMEs) များ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်း ဆောင်ရွက်ရန်နှင့် တရားမဝင် ကုန်သွယ်မှုများ ပပျောက်စေရေး အတွက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်သွားကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မြိတ်ခရိုင် ကျွန်းစု မြို့နယ် ကတန်ကျွန်းရှိ ပြည့်ဖြိုး ထွန်း International Co., Ltd. မှ ခေတ်မီရေငန်ပုစွန်မွေးမြူနိုင်ရန်အတွက် အမှတ်(၄) ပုစွန်ကန်မွေး မြူရေးစီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ ပြည်တွင်း စားသုံးမှုဖူလုံစေရန်နှင့် နိုင်ငံခြား ငွေရရှိမှု ပိုမိုတိုးတက်စေရန်၊ ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် အတွက် ပုစွန်များကို ပိုမိုတိုးချဲ့ မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာများကို အသုံးပြု မွေးမြူရန်နှင့် လူသားအရင်းအမြစ် များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေ ရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ပြည့်ဖြိုးထွန်းကုမ္ပဏီ ၏ ကတ္တလူပုစွန်ကန်များကို သွားရောက်ကြည့်ရှုသည်။
အဆိုပါစီမံကိန်းဧရိယာသည် ၄၀၇ ဧကကျယ်ဝန်းပြီး ပုစွန်ကန် ပေါင်း ၇၆ ကန်ဖြင့် တစ်နှစ်လျှင် ပုစွန်တန်ချိန် ၆၀၀၀ ကျော် မွေးမြူ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မြိတ်မြို့ ကလွင် ကျေးရွာရှိ ဖိုးလမင်းကုမ္ပဏီ၏ ရော်ဘာမှိုင်းခံစက်ရုံတွင် ရော်ဘာ များကို မှိုင်းခံ၍ ပြည်ပသို့ တင်ပို့ ရောင်းချမည့် ကုန်ချောအဆင့် အထိ ဆောင်ရွက်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုပြီး ပြည်ပ သို့ စနစ်တကျတင်ပို့ရေး၊ ဒေသ တွင်း တရားမဝင်တင်ပို့မှု မဖြစ် ပေါ်စေရေး၊ ပြည်ပစျေးကွက်များ ထိုးဖောက်ရှာဖွေရေး၊ သတ်မှတ် လျာထားချက်ထက် ပိုမိုတင်ပို့ နိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန် တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မြိတ်မြို့ ကျွဲကူး ကျောက်ဖျာအထူးဆိပ်ကျေးရွာ သို့ ရောက်ရှိပြီး ဖိုးလမင်းဆိပ်ခံ တံတားတွင် ဖိုးလမင်းကုမ္ပဏီမှ ရော်ဘာကုန်ချော ထုတ်ကုန် (Mixtures of Natural Rubber and Synthetic Rubber- SBR) မတ်ထရစ်တန် ၁၄၁၁ ဒသမ ၂၀ ကို “MV SMART LINE 003” ကုန်တင်ရေယာဉ်ဖြင့် မလေးရှား နိုင်ငံသို့တင်ပို့ရန် ဆောင်ရွက်နေ မှုနှင့် ရော်ဘာသိုလှောင်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်