ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်ရေးခွင့်ပြုထုတ်ပေးခဲ့ရာ ယနေ့အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၃၂၃ ခု လုပ်ငန်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


ထိုင်းနိုင်ငံသို့    MoU   စနစ်ဖြင့် အလုပ်သမား စေလွှတ်ရေးလုပ်ငန်း စဉ်များနှင့်  ပတ်သက်၍    မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ    အဖွဲ့ချုပ်နှင့် အလုပ်သမားဝန်ကြီး    ဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အလုပ် သမားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်  အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က အဖွင့်အမှာ စကားပြောကြားရာ၌ ဝန်ကြီးဌာန အနေဖြင့် ပြည်ပသို့ အလုပ်သမား များ     တရားဝင်စေလွှတ်ရေး အတွက်    ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကို   ခွင့်ပြု ထုတ်ပေးခဲ့ရာ ယနေ့အထိ ပြည်ပ အလုပ်အကိုင်    အကျိုးဆောင် လိုင်စင်ရအေဂျင်စီ    ၃၂၃   ခုက လုပ်ငန်း    ဆောင်ရွက်လျက်ရှိ ကြောင်း၊    ထိုင်းနိုင်ငံသို့   MoU စနစ်ဖြင့်   မြန်မာအလုပ်သမား များ    တရားဝင်စေလွှတ်နိုင်ရေး အတွက်    ပြည်ပအလုပ်အကိုင် အကျိုးဆောင် (ထိုင်း)  လိုင်စင်ကို ခွင့်ပြုထုတ်ပေးခဲ့ရာ  ယနေ့အထိ အေဂျင်စီ ၁၁၄ ခု ရှိကြောင်း။

 


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများသို့  အလုပ်သမား စေလွှတ်ရေး  လုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ပြီး   ထိုင်းနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ  လျော့ကျလာ မှုကြောင့် MoU စနစ်ဖြင့် အလုပ် သမားများ    ပြန်လည်ခေါ်ယူပြီ ဖြစ်သဖြင့်  မြန်မာအလုပ်သမား စေလွှတ်ရေးအတွက်     စတင် ဆောင်ရွက်လျက်       ရှိကြောင်း၊ လိုင်စင်ရ  အေဂျင်စီများအနေဖြင့် ဝန်ဆောင်စရိတ်ကို        မြန်မာ ဘက်ခြမ်း၌         ပြောင်းလဲလာသည့် ငွေကြေး      လဲလှယ်နှုန်းထားများ အရ ၂၀၁၅  ခုနှစ်မှစ၍ ကောက်ခံ သည့်         နှုန်းထားငွေကျပ် ၁၅၀၀၀၀/ အစား   ယခုငွေကျပ် ၃၀၀၀၀၀/-       ကောက်ခံရန် ၂၀၂၂  ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ပတွင် အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ၏  (၁/၂၀၂၂)  အစည်းအဝေးမှ အတည်ပြုခဲ့ကြောင်း၊     ပြည်ပ အလုပ်အကိုင်      အကျိုးဆောင် (ထိုင်း)   လိုင်စင်သက်တမ်းအား သတ်မှတ်ချက်များနှင့်    ကိုက်ညီ ပါက  ယခင်တစ်နှစ်အစား     ယခု  နှစ်နှစ်  တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ ပြည်ပအလုပ်အကိုင်     အကျိုး ဆောင်   လိုင်စင်အသစ် လျှောက် ထားမှုနှင့်စပ်လျဉ်း၍    ဖြေလျှော့ မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရားမဝင်   သွားရောက်လုပ်ကိုင် မှုမရှိစေရေး၊  သတ်မှတ်ဝန်ဆောင်ခ ထက် ပိုမိုကောက်ခံမှု  မရှိစေရေး၊ အလုပ်သမားများခေါင်းပုံ   ဖြတ်ခံ ရမှုမရှိစေရေး၊ ဂုဏ်သိက္ခာရှိသော အလုပ်သမားစုဆောင်းမှု  ဖြစ်စေ ရေးနှင့် အလုပ်သမားများ လူကုန် ကူးမှုမခံရစေရေး   အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 


ဆက်လက်၍   ဒုတိယဝန်ကြီး ဦးဝင်းရှိန်က  ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ များနှင့်ပတ်သက်၍    လိုင်စင် သက်တမ်းတိုးမြှင့်ခြင်း  သတ်မှတ် ချက်များ၊ လိုင်စင်အသစ် လျှောက် ထားရာတွင်   ဖြေလျှော့မှုများနှင့် စပ်လျဉ်းပြီး   ရှင်းလင်းပြောကြား သည်။

 


ယင်းနောက်   အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်  ဦးမောင်မောင်သန်း က   ထိုင်းနိုင်ငံသို့   MoU မြန်မာ အလုပ်သမားများ  စေလွှတ်နိုင်ရေး ထိုင်းနိုင်ငံ   အလုပ်သမားဝန်ကြီး ဌာန၏   အလုပ်အကိုင်ဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှု၊  MoU စနစ် ဖြင့် မြန်မာအလုပ်သမား စေလွှတ် နိုင်ရေးအတွက် Demand Letter တင်ပြသည်မှ    စေလွှတ်နိုင်သည် အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် ထိုင်းဘက်မှ   MoU  စနစ် ဖြင့်   အလုပ်သမားများ   လက်ခံ ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များ ကို အသေးစိတ်ရှင်းလင်းဆွေးနွေး သည်။

 


ထို့နောက်    မြန်မာပြည်ပ အလုပ်အကိုင်       ဝန်ဆောင်မှု လုပ်ငန်းရှင်များ       အဖွဲ့ချုပ် တာဝန်ရှိသူများက  ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ရေး ကိစ္စများကို  ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြု        ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက  ဆွေးနွေး တင်ပြချက်များအပေါ်   လိုအပ် သည်များ    ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။         

သတင်းစဉ်