ပြည်ပပြန်နိုင်ငံသားများ နေအိမ်သီးသန့် ကန့်သတ်စောင့်ကြည့်မှု ခံယူနိုင်တော့မည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်ပြော

ကင်ဘာရာ    စက်တင်ဘာ   ၉ 
သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က နိုင်ငံခြားတိုင်းပြည် များတွင်     သောင်တင်နေသော နိုင်ငံသားများအား     မိမိနိုင်ငံသို့ ပြန်လည်   ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက်     နေအိမ်သီးသန့် ကန့်သတ်စောင့်ကြည့်မှု ခံယူနိုင် တော့မည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 
ဝန်ကြီးချုပ်က     ကိုဗစ်-၁၉ စတင်       ဖြစ်ပွားချိန်ကတည်းက ပြည်ပတိုင်းပြည်များတွင် ပိတ်မိ နေသော သြစတြေးလျနိုင်ငံသား များ   ခံစားနေရသည့်  ဒုက္ခများ သည်           ကြီးမားလှကြောင်း စက်တင်ဘာ ၉ ရက်က မှတ်ချက် ပြုပြောကြားလိုက်သည်။
နိုင်ငံရပ်ခြား တိုင်းပြည်များ တွင်     ရောက်ရှိနေသော       သြစ တြေးလျ        နိုင်ငံသားများအနေဖြင့် အလွန်ခက်ခဲပြီး  ရှုပ်ထွေးလှသည့် အချိန်များကို      ဖြတ်သန်း ကျော်လွှားရမည်ကို သိရှိကြောင်း ဆုပေးပွဲအခမ်းအနားသို့ ပြောကြား သော       ဗီဒီယိုသတင်းစကား တွင်  ဝန်ကြီးချုပ်က  ထည့်သွင်း ပြောကြားခဲ့သည်။ 
ဇူလိုင်လမှစကာ ပြည်ပနိုင်ငံ များသို့    ရောက်ရှိနေသော  သြစ တြေးလျနိုင်ငံသား ၃၈၀၀၀ ခန့် မိခင်နိုင်ငံသို့ပြန်လာရန် နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။ 
ပြည်ပရောက်     နိုင်ငံသား များကို    ပြန်လည်ခေါ်ယူရာတွင်  နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ် နေသည့်အတွက်   အတိုက်အခံ ခေါင်းဆောင်     အန်တိုနီအယ်လ် ဘာနီးစ်က     ဝန်ကြီးချုပ်ကို ပြစ်တင်လိုက်သည်။     အတိုက်အခံ ခေါင်းဆောင်က    မော်ရစ်ဆင် သည်     ပြည်ပရောက်နိုင်ငံသား များကို အိမ်ပြန်ခေါ်ရန်လုပ်ဆောင် ရာတွင်      ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေး   ကြောင်း ပြောကြားခဲ့သည်။ 
 ဆင်ဟွာ