ပြည်ပပြန် မြန်မာနိုင်ငံသားများကို  နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံလျက်ရှိ

 

 

နေပြည်တော်    ဇန်နဝါရီ    ၂၅
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် တွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၉၅ ဦး  စုစုပေါင်း ၂၄၀နှင့် လောက်ကိုင် မြို့သို့    ပြန်လည်ဝင်ရောက်လာသူ  အမျိုးသား  ၃၅ ဦး၊  အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၅၀ တို့ကို  လက်ခံခဲ့ကြသည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၊  တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို   ရှင်းလင်းပြောကြားခြင်းတို့ကို  စနစ်တကျဆောင်ရွက် ပေးပြီး  တိုင်းစစ်ဌာနချုပ်အသီးသီးမှ  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီး သို့   လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့်    ရောဂါပိုးတွေ့ရှိသူများကို သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့်  အုပ်ချုပ်မှုဆိုင်ရာ  ကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။         သတင်းစဉ်