ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံ

 

နေပြည်တော် စက်တင်ဘာ  ၁၈


ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာ သည့်     မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်      အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  စက်တင်ဘာ ၁၇ ရက်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း    မူဆယ် မြို့သို့ ပြန်လည်ဝင်ရောက်လာ သည့် အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၇ ဦး၊ စုစုပေါင်း ၃၃ ဦး၊ ချင်းရွှေဟော်မြို့သို့   ပြန်လည် ဝင်ရောက်လာသည့် အမျိုးသား ကိုးဦး၊ အမျိုးသမီး ၃၄ဦး၊ စုစုပေါင်း ၄၃ ဦးကို လည်းကောင်း၊ ယနေ့ တွင်   ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့    ပြန်လည် ဝင်ရောက်လာသည့် အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၅၉ ဦး၊ စုစု ပေါင်း ၂၀၀ ဦး၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက် လာသူ  အမျိုးသား ၁၁၉ ဦး၊ အမျိုး သမီး ၈၈ ဦး၊ စုစုပေါင်း ၂၀၇ ဦး တို့ကို အသီးသီး လက်ခံခဲ့ကြသည်။


ထိုသို့လက်ခံရာတွင် သက်ဆိုင် ရာပြည်သူ့ဆေးရုံများမှ  ကျန်းမာ ရေးဆိုင်ရာ     တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine   ဝင်ရောက်ရ မည့်   အထောက်အထားစာရွက် စာတမ်းများ     ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  ညွှန် ကြားချက်များအား      ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး    တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်       ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင် သီးသန့်ထားရှိ၍    လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ  ကိစ္စရပ်များကိုအဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်