ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်များတွင် ဆက်လက်လက်ခံလျက်ရှိ

 

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၈
ပြည်ပနိုင်ငံများမှ   ဝင်ရောက်လာ သည့်     မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်         အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၈၉ ဦး  စုစုပေါင်း ၁၉၈ ဦး တို့ကို လက်ခံခဲ့ကြသည်။
ထိုသို့        လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ   ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး       ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို  ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာန ချုပ်အသီးသီးမှ  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များကူညီ ဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်         ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့်  ရောဂါပိုးတွေ့ရှိသူ များကို   သက်ဆိုင်ရာနေရာများ တွင်  သီးသန့်ထားရှိ၍  လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ  ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင်  ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။                     သတင်းစဉ်