ပြည်ပနိုင်ငံများမှ  ပြန်လည်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသားများကို  နယ်စပ်ဂိတ်အသီးသီးတွင်  ဆက်လက်လက်ခံလျက်ရှိ

 

 

နေပြည်တော်   အောက်တိုဘာ   ၁၈


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို နယ်စပ်ဂိတ်အသီးသီးတွင်   လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၇ ရက် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းတံတားမှ အမျိုးသား   ရှစ်ဦး၊   အမျိုးသမီး   သုံးဦး စုစုပေါင်း ၁၁ ဦး တို့ကို လက်ခံခဲ့သည်။ 
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံ များမှ    ကျန်းမာရေးဆိုင်ရာ     တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာနချုပ်အသီးသီးမှ      တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက   လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း   သတင်းရရှိသည်။                              သတင်းစဉ်