ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၆


ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာ သည့်   မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်     အသီးသီးတွင် လက်ခံ  ဆောင်ရွက်ပေးလျက်ရှိ ရာ    အောက်တိုဘာ   ၁၅  ရက် တွင်   ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့သို့     ပြန်လည် ဝင်ရောက်လာသူ   အမျိုးသမီး နှစ်ဦးကိုလည်းကောင်း၊ ယနေ့ တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၂၅၇ ဦး၊ အမျိုးသမီး ၂၃၆ ဦး စုစုပေါင်း ၄၉၃ ဦးတို့ကို   လည်း ကောင်း လက်ခံခဲ့ကြသည်။

 


ထိုသို့       လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ   တာဝန်ရှိ သူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ      ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး      ဝန်ကြီးဌာန၏    ညွှန်ကြားချက်များ    ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ  တာဝန်ရှိသူများ၊ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက     စီစဉ်ဆောင် ရွက်ပေးသည့်    ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့ နေရပ်အသီးသီးသို့      လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုး တွေ့ရှိသူများကို သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များအား     အဆင်ပြေချောမွေ့ အောင်   ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်