ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၅


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်     မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်        အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ  ၁၄   ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့    မြန်မာ-တရုတ်   နှစ်နိုင်ငံ နယ်စပ်၊    နန်းတော်စစ်ဆေးရေး ဂိတ်မှ  အမျိုးသား ၁၇၂ ဦး၊   အမျိုး သမီး  ၁၃၉ ဦး စုစုပေါင်း ၃၁၁ ဦး နှင့် ချင်းရွှေဟော်မြို့  နမ့်ဖာဟော် တံတားမှ အမျိုးသား  ခြောက်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ရှစ်ဦး တို့ကို လက်ခံခဲ့သည်။ 

 


ထိုသို့          လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ    တာဝန်ရှိ သူများ၊        တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက    ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine    ဝင်ရောက်ရမည့် အထောက်အထား       စာရွက် စာတမ်းများ   ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး      ဝန်ကြီးဌာန၏  ညွှန်ကြားချက်များကို    ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာန ချုပ်အသီးသီးမှ  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက  စီစဉ်ဆောင်ရွက် ပေးသည့်  ခရီးသည်တင်မော်တော် ယာဉ်များဖြင့်    ၎င်းတို့နေရပ် အသီးသီးသို့  လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့်   ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင်   သီးသန့်ထားရှိ၍  လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ  ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင်  ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်