ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၁


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့်  မြန်မာ နိုင်ငံသားများကို   နယ်စပ်ဂိတ်အသီးသီးတွင်    လက်ခံဆောင်ရွက်ပေးလျက်ရှိရာ    ဩဂုတ် ၁၀ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့ရှိနယ်စပ်ဂိတ်မှ  အမျိုးသား   ၁၅၉  ဦး၊ အမျိုးသမီး ၁၂၃ ဦး၊ စုစုပေါင်း ၂၈၂ ဦး၊ မြန်မာ-တရုတ်    နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်   နမ့်ဖာဟော်တံတားမှ  အမျိုးသား  ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦး၊   စုစုပေါင်း ၃၀ နှင့် မြန်မာ-တရုတ်   နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊   ရန်လုံကျိုင်းတံတားမှ   အမျိုးသား   ၁၉ ဦး၊ အမျိုးသမီးခြောက်ဦး၊ စုစုပေါင်း   ၂၅ ဦးတို့ကို လည်းကောင်း၊   ယနေ့တွင် ကရင်ပြည်နယ်  မြဝတီမြို့  မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား မှ အမျိုးသား ၁၁၅ ဦး၊  အမျိုးသမီး ၈၄ ဦး  စုစုပေါင်း ၁၉၉ ဦးကို လည်းကောင်း    လက်ခံ ခဲ့သည်။ 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ ဆေးရုံများမှ   ကျန်းမာရေးဆိုင်ရာ   တာဝန် ရှိသူများ၊   တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက     ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊  Quaran-tine ဝင်ရောက် ရမည့် အထောက်အထားစာရွက် စာတမ်းများ  ပြုလုပ်ပေးခြင်း၊   ကျန်းမာရေး ဝန်ကြီးဌာန၏     လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး       တိုင်းစစ်ဌာနချုပ်အသီးသီးမှ   တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့်    ခရီးသည် တင်မော်တော်ယာဉ်များဖြင့်    ၎င်းတို့   နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း နှင့်      ရောဂါပိုးတွေ့ရှိသူများကို     သက်ဆိုင်ရာ နေရာများတွင်    သီးသန့်ထားရှိ၍ လိုအပ်သည့်  ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို    အဆင်ပြေချောမွေ့အောင်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။                     

သတင်းစဉ်