ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် ဩဂုတ် ၅


ပြည်ပနိုင်ငံများမှ     ဝင်ရောက် လာသည့်   မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီး၌  လက်ခံ ဆောင်ရွက်        ပေးလျက်ရှိရာ ဩဂုတ် ၄ ရက်နှင့်    ယနေ့တွင်   ရှမ်းပြည်နယ်      (မြောက်ပိုင်း) မူဆယ်မြို့ရှိ       နယ်စပ်ဂိတ်မှ  အမျိုးသား ၂၂၂ ဦး၊    အမျိုးသမီး ၁၇၄ ဦး စုစုပေါင်း    ၃၉၆   ဦးကို     လည်း ကောင်း၊      ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ ဦး  စုစုပေါင်း ၂၆ ဦးကိုလည်းကောင်း၊  မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၂၀၄ ဦး ကိုလည်းကောင်း   လက်ခံခဲ့ကြ သည်။
ထိုသို့       လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ  တာဝန်ရှိသူ များ၊ တပ်မတော်ဆေး  တပ်ဖွဲ့ဝင် များ   ကိုဗစ်-၁၉  ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ     ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  လမ်း ညွှန်ချက်များကို        ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာန ချုပ်အသီးသီးမှ  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ           ကူညီ ဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက   စီစဉ်ဆောင်ရွက် ပေးသည့်        ခရီးသည်တင် မော်တော်ယာဉ်များဖြင့်    ၎င်းတို့ နေရပ်အသီးသီးသို့   လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့်    ရောဂါ ပိုးတွေ့ရှိသူများကို    သက်ဆိုင်ရာ နေရာများတွင်   သီးသန့်ထားရှိ၍ လိုအပ်သည့်  ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များကို  အဆင်ပြေချောမွေ့အောင် ဆောင်ရွက်  ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်