ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံ

 

နေပြည်တော်  ဇန်နဝါရီ  ၁၅

 


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်    မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၄   ရက်တွင်   ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန် လည်ဝင်ရောက်လာသူ အမျိုးသား ၇၀၊ အမျိုးသမီး ၅၀  စုစုပေါင်း ၁၂၀၊ ချင်းရွှေဟော်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ     အမျိုးသား ၁၅ ဦး၊ အမျိုးသမီး လေးဦး စုစု ပေါင်း ၁၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၄၆ ဦး၊ အမျိုးသမီး ၂၄ ဦး ၊ စုစုပေါင်း ၇၀ တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီ မြို့နယ်သို့ ပြန်လည်ဝင်ရောက်သူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၉၂ ဦး  စုစုပေါင်း ၂၀၇ ဦးတို့ကို လည်းကောင်း လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင်    သက် ဆိုင်ရာ   ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ      ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  ညွှန် ကြားချက်များကို   ရှင်းလင်းပြော ကြားခြင်းတို့ကို စနစ်တကျဆောင် ရွက်ပေးပြီး      တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန  ဆိုင်ရာတာဝန်ရှိသူများက လိုအပ် သည်များ   ကူညီဆောင်ရွက်ပေး ကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်  ၎င်းတို့နေရပ်အသီး သီးသို့     လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင်   သီးသန့်ထားရှိ၍     လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။                

 

သတင်းစဉ်