
နေပြည်တော် ဩဂုတ် ၄
ပြည်ပမှ ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများကို စနစ်တကျလက်ခံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့နေရပ်အသီးသီးသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိနိုင်ရေး ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြား ခဲ့သည်။
လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ပနိုင်ငံ များမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ဩဂုတ် ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၆၀ ဦး၊ အမျိုးသမီး ၁၅၈ ဦး၊ စုစုပေါင်း ၃၁၈ ဦးတို့ကို လည်းကောင်း၊ ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၃ဦး၊ အမျိုးသမီးကိုးဦး၊ စုစုပေါင်း ၂၂ ဦး တို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ ကို သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်