ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၉


ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာ သည့်    မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ တွင် ကရင်ပြည်နယ်  မြဝတီမြို့ သို့    ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄၁ ဦး၊ အမျိုးသမီး ၁၂၀  စုစုပေါင်း   ၃၆၁  ဦးတို့ကို လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင်    သက် ဆိုင်ရာ   ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ   တာဝန်ရှိ သူများ၊  တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊  Quarantine  ဝင်ရောက် ရမည့်  အထောက်အထား စာရွက် စာတမ်းများ      ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  ညွှန် ကြားချက်များကို  ရှင်းလင်းပြော ကြားခြင်းတို့ကို      စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ  ကူညီဆောင်ရွက် ပေးကြသည်။

 


ထို့နောက်          မြို့နယ်စီမံ  အုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင် ရွက်ပေးသည့်     ခရီးသည်တင်  မော်တော်ယာဉ်များဖြင့်   ၎င်းတို့ နေရပ်အသီးသီးသို့     လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင်    သီးသန့်ထားရှိ၍  လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များကို  အဆင်ပြေချောမွေ့အောင်  ဆောင်ရွက်  ပေးလျက်ရှိကြောင်း သတင်းရရှိသည်။          

သတင်းစဉ်