ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ  ၂၆


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၃ ဦး၊ ချင်းရွှေဟော်မြို့သို့  ပြန်လည်ဝင်ရောက်လာသူ  အမျိုးသား ၁ ဦး၊  အမျိုးသမီး ၄ ဦး  စုစုပေါင်း ၅ ဦးနှင့်  လောက်ကိုင်မြို့သို့  ပြန်လည်ဝင်ရောက်သူ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၄၂ ဦးတို့ကို  လည်းကောင်း   ယနေ့တွင်  ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၂၀၀ တို့ကိုလည်းကောင်း လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ သူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ ရှင်းလင်းပြောကြားခြင်းတို့ကိုစနစ်တကျဆောင်ရွက် ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ   ကူညီဆောင်ရွက်ပေးသည်။  ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များကစီစဉ်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့် ထားရှိ၍ လိုအပ်သည့်ကျန်းမာရေးနှင့်  အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။          

 

 သတင်းစဉ်