ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ   ၁၈

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများကို   နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  နိုဝင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေ ဟော်မြို့သို့      ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၆၃ ဦး၊ အမျိုးသမီး ၁၄၀ စုစုပေါင်း ၃၀၃ ဦး၊       ချင်းရွှေဟော်မြို့သို့     ပြန်လည် ဝင်ရောက်လာသူ  အမျိုးသား ၇၃ ဦး၊ အမျိုး သမီး ၂၃ ဦး စုစုပေါင်း ၉၆ နှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး    စုစုပေါင်း နှစ်ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ   ကျန်းမာရေးဆိုင်ရာ   တာဝန် ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉   ရောဂါ      စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်    အထောက် အထားစာရွက်စာတမ်းများ  ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ ကို   ရှင်းလင်းပြောကြားခြင်းတို့ကို    စနစ် တကျ     ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာနချုပ် အသီးသီးမှ    တာဝန်ရှိသူများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက   လိုအပ်သည်များ   ကူညီ ဆောင်ရွက်ပေးကြသည်။

 


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့်  ခရီးသည် တင်မော်တော်ယာဉ်များဖြင့်   ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို    အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။ 


သတင်းစဉ်