
နေပြည်တော် ဩဂုတ် ၂၅
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ်အသီးသီး တွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၇၂ ဦးနှင့် အမျိုးသမီး ၁၆၅ ဦး စုစုပေါင်း ၃၃၇ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ် ရန်လုံကျိုင်းတံတားမှ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ခြောက်ဦးကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှ အမျိုးသား ၁၁၃ ဦးနှင့် အမျိုးသမီး ၈၇ ဦး စုစုပေါင်း ၂၀၀ ကိုလည်းကောင်း အသီးသီးလက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ဆောင်ရွက်ပေးလျက်ရှိ
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီး သည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်