
နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများ အား နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၇ ရက်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၁၀၉ ဦး၊ ချင်းရွှေ ဟော်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၂၂ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၃၄ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅၀ တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၉၉ ဦး၊ အမျိုး သမီး ၁၇၂ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့သည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့်ခရီးသည်တင် မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာ နေရာများ တွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်