ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်    စက်တင်ဘာ    ၇


ပြည်ပနိုင်ငံများမှ   ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေး လျက်ရှိရာ  စက်တင်ဘာ    ၆   ရက်တွင်   ရှမ်းပြည်နယ်  (မြောက်ပိုင်း) မူဆယ်မြို့    မြန်မာ-တရုတ်       နှစ်နိုင်ငံနယ်စပ်      နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၃၆ ဦး စုစုပေါင်း ၈၄ ဦး၊ နမ့်ဖာဟော်တံတားမှ   အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၃၉ ဦးနှင့် ရန်လုံကျိုင်းတံတားမှ အမျိုးသား ခုနစ်ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။ 
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ    တာဝန်ရှိသူများ၊    တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက    ကိုဗစ်-၁၉    ရောဂါ  စစ်ဆေးပေးခြင်း၊       Quarantine ဝင်ရောက်ရမည့်   အထောက်အထား စာရွက်စာတမ်းများ  ပြုလုပ်ပေးခြင်း၊  ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို  ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျ   ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာနချုပ်အသီးသီးမှ  တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့   နေရပ်အသီးသီးသို့   လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်   ရောဂါပိုး တွေ့ရှိသူများအား           သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍  လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို    အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်