ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်   စက်တင်ဘာ  ၂
ပြည်ပနိုင်ငံများမှ    ဝင်ရောက် လာသည့်  မြန်မာနိုင်ငံသားများ ကို    နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင် ဘာ ၁ ရက်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့သို့ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား အမျိုးသား ၁၅၄ ဦး၊ အမျိုးသမီး ၇၆ ဦး စုစုပေါင်း ၂၃၀ နှင့် လောက်ကိုင်မြို့သို့ ဝင်ရောက် လာသည့်    အမျိုးသား   လေးဦး  တို့ကိုလည်းကောင်း၊  ယနေ့တွင် ကရင်ပြည်နယ်       မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၁၁၀၊ အမျိုးသမီး ၉၁ ဦး၊ စုစုပေါင်း ၂၀၁ ဦးတို့ကို   လက်ခံခဲ့ ကြသည်။ 
ထိုသို့လက်ခံရာတွင်   သက် ဆိုင်ရာ    ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ       ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  ညွှန် ကြားချက်များကို ရှင်းလင်းပြော ကြားခြင်းတို့ကို   စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်များသို့ လိုက်လံ   ပို့ဆောင်ပေးခဲ့ကြောင်း နှင့်   ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ       နေရာများတွင် သီးသန့်ထားရှိ၍    လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ် ချုပ်မှုဆိုင်ရာ     ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း  သတင်း ရရှိသည်။                     သတင်းစဉ်