
နေပြည်တော် ဩဂုတ် ၃၁
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၅၆ ဦးနှင့် အမျိုးသမီး ၁၁၇ ဦး စုစုပေါင်း ၂၇၃ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ငါးဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၁ ဦး၊ လောက်ကိုင်မြို့ သို့ ဝင်ရောက်လာသည့် အမျိုးသား သုံးဦးနှင့် မြဝတီမြို့သို့ ဝင်ရောက်လာသည့် အမျိုးသား ၁၀၀နှင့် အမျိုးသမီး ၁၀၀ စုစုပေါင်း ၂၀၀ တို့ကို လက်ခံခဲ့ကြသည်။
ကူညီဆောင်ရွက်ပေး
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များ ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက
လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
လိုက်လံပို့ဆောင်ပေး
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်ယာဉ် များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်