ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

 

နေပြည်တော်  ဩဂုတ်   ၃၁


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို   နယ်စပ်ဂိတ်အသီးသီးတွင်  လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ  ဩဂုတ်  ၃၀  ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၅၆ ဦး၊ အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်း ၂၇၃ ဦး၊ ချင်းရွှေဟော် မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုး သား ငါးဦး၊ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်း ၁၁ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာသည့် အမျိုးသား သုံးဦးနှင့်   မြဝတီမြို့သို့   ဝင်ရောက်လာသည့် အမျိုးသား ၁၀၀  ၊  အမျိုးသမီး    ၁၀၀  စုစုပေါင်း ၂၀၀ တို့ကို လက်ခံခဲ့ကြသည်။ 
ထိုသို့ လက်ခံရာတွင်  သက်ဆိုင်ရာ  ပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ   တာဝန်ရှိသူများက  လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်  ၎င်းတို့နေရပ်အသီးသီးသို့  လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်  ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်