
နေပြည်တော် စက်တင်ဘာ ၁၀
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၅၁ ဦးနှင့် မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၂ ဦး၊ ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ချစ်ကြည် ရေးတံတားမှ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၈၇ ဦး စုစုပေါင်း ၂၀၃ ဦးတို့ကို လက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေး ပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေး သည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်