ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   အောက်တိုဘာ  ၁၄


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို   နယ်စပ်ဂိတ်အသီးသီးတွင်   လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၃ ရက် တွင်    ရှမ်းပြည်နယ်(မြောက်ပိုင်း)   မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ     အမျိုးသား   ၂၀၂ ဦး၊ အမျိုးသမီး ၁၅၁ ဦး စုစုပေါင်း ၃၅၃ ဦး၊ ချင်းရွှေဟော် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ခြောက်ဦးနှင့် လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား တစ်ဦး တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၆၅ ဦး၊ အမျိုးသမီး ၂၃၃ ဦး စုစုပေါင်း ၄၉၈ ဦး တို့ကိုလည်းကောင်း လက်ခံခဲ့သည်။ 

 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံ များမှ      ကျန်းမာရေးဆိုင်ရာ     တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊   Quarantine  ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ ကို    ရှင်းလင်းပြောကြားခြင်းတို့ကို     စနစ်တကျ ဆောင်ရွက်ပေးပြီး      တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊   ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက  စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်   ၎င်းတို့နေရပ်အသီးသီးသို့  လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်