ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

 

နေပြည်တော်   စက်တင်ဘာ  ၁၃


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို   နယ်စပ်ဂိတ်အသီးသီးတွင်   လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ   စက်တင်ဘာ  ၁၂ ရက် တွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)   မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့်  အမျိုးသား ကိုးဦး၊ အမျိုးသမီး ကိုးဦး  စုစုပေါင်း ၁၈ ဦးတို့ကို လက်ခံခဲ့ ကြသည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံ များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေး ခြင်း၊  Quarantine  ဝင်ရောက်ရမည့်   အထောက် အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာ  ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက  လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက  စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်   ၎င်းတို့နေရပ်အသီးသီးသို့  လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်   ရောဂါပိုးတွေ့ရှိသူများ ကို  သက်ဆိုင်ရာနေရာများတွင်   သီးသန့်ထားရှိ၍  လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို     အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း       သတင်းရရှိ သည်။
သတင်းစဉ်