
နေပြည်တော် စက်တင်ဘာ ၁၁
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၀ ရက် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၄ ဦး၊ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်၊ နမ့်ဖာဟော် တံတားမှ အမျိုးသမီး နှစ်ဦးနှင့် ရန်လုံကျိုင်းတံတား မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၁ ဦးတို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းမှ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၂၀၀ တို့ကို လည်း ကောင်း အသီးသီးလက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာ ရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြ သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီး သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်