
နေပြည်တော် မတ် ၆
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၄၉ ဦးတို့ကို လက်ခံ ခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ အား ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ် သည်များ ကူညီဆောင်ရွက်ပေးကြ သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်