ပြည်ပမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

 

နေပြည်တော်   ဧပြီ     ၁၉
ပြည်ပမှစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌  Virtual  စနစ်ဖြင့်  ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက်    အမှာစကားပြောကြားသည်။ 
အစည်းအဝေး၌     လတ်တလော   ပျံ့နှံ့နေသည့်    စက်သုံးဆီနှင့်    ပတ်သက်သော     သတင်းမှားများ ကြောင့်လည်းကောင်း၊ စက်သုံးဆီ လက်လီအရောင်း ဆိုင်များတွင်   စက်သုံးဆီများ  အကန့်အသတ်ဖြင့်     ရောင်းချနေသည့်အတွက်ကြောင့်   လည်းကောင်း၊   သုံးစွဲသူပြည်သူများ   စိုးရိမ်မှုများ   ဖြစ်ပေါ်လာကာ အလုအယက်ဝယ်ယူနေကြသည့်   အခြေအနေအပေါ် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဌာနများအကြား ညှိနှိုင်းဆွေးနွေးကြသည်။
အများပြည်သူစိုးရိမ်မှုပပျောက်ရေးဆွေးနွေး
ဆွေးနွေးညှိနှိုင်းမှုများတွင် စက်သုံးဆီတင်သွင်း သည့် ကုမ္ပဏီများသာမက  လက်လီရောင်းချသည့်         စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသည့် SMEs   လုပ်ငန်းရှင်များက    စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရာတွင် ကြုံတွေ့ရသည့်  အခက်အခဲ များ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြ  ဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနဘက်မှ  ပံ့ပိုးဖြည့်ဆည်း ပေးနိုင်မည့် အခြေအနေများ၊ အများပြည်သူအခက် အခဲများ၊ စိုးရိမ်မှုများကို  လျော့နည်းပပျောက်စေ ရေးအတွက်   ပူးပေါင်းဆောင်ရွက်မည့်  အစီအစဉ် များကို ဆွေးနွေးကြသည်။
အကန့်အသတ်မရှိ ဝယ်ယူနိုင်ရေး      
စက်သုံးဆီ  တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့်    တင်သွင်းမည့် လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန်ခြင်း မရှိဘဲ   စက်သုံးဆီ  လက်လီအရောင်းဆိုင်များတွင်  ရည်ညွှန်း ဈေးနှုန်းဘောင်အတွင်း အကန့်အသတ်မရှိ       စားသုံးသူ ပြည်သူများ ဝယ်ယူရရှိနိုင်ရေး အမြန်ဆုံး    ဆောင်ရွက်သွားရန် သဘောတူကြကြောင်း  သိရ သည်။ 
အစည်းအဝေးသို့     စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့် အောင်၊   ကုန်သွယ်မှုနှင့်      ကုန်စည်စီးဆင်းမှုများ   မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊      တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ    စက်သုံးဆီ တင်သွင်းရောင်းချ   ဖြန့်ဖြူးရေးအသင်းမှ       တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီ များမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။                   သတင်းစဉ်