ပြည်ပ ဝယ်လိုအားကြောင့် ပဲနှင့် နှမ်းစျေးမှာ အမြင့်ပိုင်းတွင်ရှိနေ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၇


ပြည်ပဝယ်လိုအားကြောင့် ပဲနှင့်နှမ်းဈေးမှာ အမြင့်ပိုင်းတွင် ရှိနေကြောင်း ပဲနှမ်းအဝယ်ဒိုင်များထံ မှ သိရသည်။ “ပဲကတော့ အရင်ကထက်စာရင် မြင့်သွားတယ်။ ပြည်ပဝယ်လိုအားကြောင့်လည်းပါတယ်။ ပဲတွေက အမျိုးအစားအများကြီးပါပဲ။ မြင့်တာကတော့ အကုန်လုံးပါတာပေါ့။ နည်းတာနဲ့များတာပဲ ကွာတယ်" ဟု ပဲအရောင်းအဝယ်လုပ်နေသူတစ်ဦးက ဆိုသည်။


ယင်းကဲ့သို့ အမြင့်ပိုင်းရောက်ရှိ နေသည့်   ပဲများအနက် ပဲစင်းငုံ၊    မတ်ပဲ၊   မြေထောင့်ပဲမှာ   ဈေး အများဆုံးရရှိနေပြီး     မတ်ပဲ တစ်တန်ကို   ငွေကျပ် ၃၄ သိန်း၊ ပဲစင်းငုံတစ်တန်ကို      ငွေကျပ် ၄၂ သိန်း၊    မြေထောင့်ပဲတစ်တန်ကို ငွေကျပ်သိန်း ၄၀ ကျော်   ရရှိနေ ကြောင်းလည်း  ပဲ၊ နှမ်း ကုမ္ပဏီ များထံမှ သိရသည်။


လက်ရှိတွင်      အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့်    အာဆီယံနိုင်ငံ များမှလည်း   ဝယ်လိုအားရှိနေပြီး ၂၀၂၄  ခုနှစ်  ဇန်နဝါရီလအတွင်း ပဲနှင့်   နှမ်းဈေးနှုန်းမှာ    ပို၍ မြင့်တက်လာခဲ့ကာ ဖေဖော်ဝါရီလ အတွင်း၌လည်း စျေးအမြင့်ပိုင်း တွင် ရှိနေကြောင်း သိရသည်။


ပြည်တွင်းနှင့်        ပြည်ပ    ဝယ်လိုအားကြောင့်   နှမ်းဈေးနှုန်း မှာလည်း    အမြင့်ပိုင်း     ရရှိနေ ကာ     နှမ်းဖြူ၊    နှမ်းနက်မှာ   ဈေးကောင်း     ပို၍ရရှိကြောင်း လည်း သိရသည်။


“နှမ်းကလည်း  ဈေးကောင်း ပါတယ်။ နှမ်းကတော့   ပြည်ပ ဝယ်လိုအားရော၊  ပြည်တွင်းစားသုံး မှုရောရှိတယ်။        နှမ်းအဖြူနဲ့ အနက်ကတော့   ဈေးပိုရနေတာ ပေါ့”ဟု ၎င်းက ဆိုသည်။     
     

MT