ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)နှင့် ဘားအံတက္ကသိုလ်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

ဘားအံ    မေ   ၇


ကရင်ပြည်နယ်၏မြို့တော် ဘားအံ မြို့ကို     သန့်ရှင်းသာယာလှပ သော အစိမ်းရောင်မြို့တော်ဖြစ်စေ ရေးအတွက်     မေ  ၇ ရက် နံနက် ၇ နာရီခွဲခန့်က  ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်     ပြည်သူ့ဆေးရုံကြီး (ဘားအံ)နှင့် ဘားအံတက္ကသိုလ် တို့တွင်      စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ  ကရင်ပြည်နယ်  ဝန်ကြီးချုပ်     ဦးစောမြင့်ဦးနှင့်     အစိုးရအဖွဲ့ဝင်များ     လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ   ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်       အဖွဲ့သည် ပြည်နယ်      ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊  မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်း မာရေးဝန်ထမ်းများ    စုစုပေါင်း ၁၅၀ ဖြင့်   ချုံနွယ်ပိတ်ပေါင်းများ   ခုတ်ထွင်ရှင်းလင်းခြင်း၊     စွန့်ပစ် ပစ္စည်းနှင့်အမှိုက်များ   ဖယ်ရှား ခြင်း     အစရှိသည့်   သန့်ရှင်းရေး လုပ်ငန်းများ     ဆောင်ရွက်မှုကို    ကြည့်ရှုစစ်ဆေးရာ    ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး သူရမြင့်သူ၊ ဆေးရုံအုပ်ကြီး  ဒေါက်တာ   ဘရန်အောင်နှင့်  တာဝန်ရှိသူများက   စုပေါင်း သန့်ရှင်းရေး  ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍     ရှင်းလင်းတင်ပြခဲ့ ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များ   မှာကြားကာ   ပြည်နယ်   ပြည်သူ့ဆေးရုံကြီး (ဘားအံ)၏ Isolation  Unit အဆင့်မြှင့်တင်ဆောင်ရွက်မှုအခြေ အနေများကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်  အဖွဲ့သည်  ကန်သာယာ ပတ်လမ်း (ကျော်ဇေယျလမ်း)၌ အရှည် ပေ  ၁၆၀၀ ရှိ ကျောက်စီ မြေထိန်းနံရံ  တည်ဆောက်ရေး လုပ်ငန်းကို      ကြည့်ရှုစစ်ဆေးရာ ပြည်နယ်        စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက  လုပ်ငန်းဆောင်ရွက်မှုနှင့်   ပတ် သက်၍      ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်  စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်  မှာကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်     အဖွဲ့သည်       ဘားအံ တက္ကသိုလ်တွင်   လူဝင်မှုကြီးကြပ် ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်နယ်ဦးစီးမှူးရုံး၊ နယ်စပ် ဒေသ   တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာန၊     ပညာရေးနှင့်    လေ့ကျင့်ရေး ကျောင်း၊      အစိုးရနည်းပညာ အထက်တန်းကျောင်း၊    စည်ပင် သာယာရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် ဘားအံတက္ကသိုလ်မှ ဝန်ထမ်းများ စုစုပေါင်း ၂၀၁ ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် မှုကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ        မှာကြားကြောင်း  သိရသည်။


စောမျိုးမင်းသိန်း
(ပြန်/ဆက်)