
နိုင်ငံဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်း ကွာခြားမှု၊ ကျေးလက်မြို့ပြ ကွာခြားမှုများကို လျှော့ချရန် မိမိအနေဖြင့် အမြဲ ပြောကြားခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသအားလုံး တစ်ပြေးညီတိုးတက်စေရန် ဆန္ဒရှိကြောင်း၊ လိုအပ်ချက် ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ပိုမိုအလေးပေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံစဉ်းစား၍ အဓိကလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ အောင်မြင်မှုရှိစေရေးနှင့် တိုးတက်မှုရှိစေရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)