
နေပြည်တော် နိုဝင်ဘာ ၁၄
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်) အထူးအထွေထွေအစည်းအဝေးနှင့် အဋ္ဌမ အကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်း အဝေးကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေး လမ်းရှိ CHID Bank (ရုံးချုပ်)၌ ကျင်းပသည်။
ထုတ်ချေးပေးနိုင်ခဲ့
အခမ်းအနားတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဘဏ္ဍာရေးအထောက်အကူ ဝန်ဆောင်မှုပေးနိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့ကြီးများတွင် ဘဏ်ခွဲများ ဖွင့်လှစ်ဆောင်ရွက် ခဲ့ရာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှအပ ဘဏ်ခွဲ ၁၈ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ပြည်နယ် နှစ်ခုတွင် ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CHID ဘဏ်အနေဖြင့် ဆောက်လုပ်ရေးချေးငွေနှင့် ကူးသန်း ရောင်းဝယ်ရေးချေးငွေများကို နှစ်စဉ်တိုးတက် ထုတ်ချေးပေးလျက်ရှိသည့်အပြင် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေး လျက်ရှိရာ တည်ဆောက်ရေး ချေးငွေစုစုပေါင်း (၅၁ ရာခိုင်နှုန်း)နှင့် အိမ်ရာဝယ်ယူရေးချေးငွေ (၂၅ ရာခိုင် နှုန်း) ထုတ်ချေးပေးနိုင်ခဲ့ပါကြောင်း။
၉၇ ဘီလီယံအထိ ပံ့ပိုးပေးနိုင်ခဲ့
နှစ်စဉ် နိုင်ငံတော်ဘတ်ဂျက်ပါ ခွင့်ပြုငွေများဖြင့် ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရ အဖွဲ့များမှ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေး ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ချိန်ဘဏ္ဍာနှစ် ပြီးစီးရန် လိုအပ်နေသည့် ငွေကြေးများအား ထုတ်ချေးနိုင်ခဲ့ပြီး ဆောက်လုပ်ရေးကုမ္ပဏီနှင့် လုပ်ငန်းရှင် ၆၆၈ ဦးကို ချေးငွေကျပ် ၉၇ ဘီလီယံအထိ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ယခုချိန်အထိ အိမ်ရာချေးငွေရယူသူ ၆၀၆၇ ဦးကို ချေးငွေပမာဏ ငွေကျပ် ၇၁ ဘီလီယံ ဘဏ္ဍာငွေ ကြေးထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဘဏ် လုပ်ငန်းများ တိုးတက်ဆောင်ရွက်လာနိုင်သည် နှင့်အမျှ နိုင်ငံတော်သို့ ဝင်ငွေခွန်များကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်တိုးမြင့်ပေးဆောင်လာ ခဲ့ရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ငွေကျပ် ၁၈ ဘီလီယံကျော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း။
ဘဏ်၏ Mission ဖြစ်သည့် ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင် သည့် ဘဏ်တစ်ခုဖြစ်ကြောင်း ပြည်သူများကိုယ်တိုင် စိတ်ချယုံကြည်အားကိုးရသည့် ဘဏ်ကြီးအဖြစ် ဆက်လက်တည်တံ့ခိုင်မာလာစေရေးအတွက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုဖြင့် BOD အဖွဲ့ ဝင်များ၊ အစုရှယ်ယာရှင်များ၊ ဘဏ်ဝန်ထမ်းများ အားလုံး ပူးပေါင်းကာ ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒပိုင်းဆိုင်ရာများ၊ ဘဏ်လုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောက်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ(၂)တို့က ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဇော်က ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (Constitution) ကိုတင်ပြ အတည်ပြုချက်ရယူသည်။
တင်ပြအတည်ပြုချက်ရယူ
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်စာရင်းများ နှင့် အမြတ်ဝေစုခွဲဝေမှုများကို တင်ပြအတည်ပြုချက် ရယူခြင်း၊ စာရင်းစစ်အစီရင်ခံစာ တင်ပြအတည်ပြု ချက်ရယူခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်သုံးပုံတစ်ပုံ နုတ်ထွက်ခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သက်တမ်း(၃)နှစ် မပြည့်သည့် နုတ်ထွက်သော ဒါရိုက်တာများအား ပြန်လည်ခန့်အပ် ခြင်း၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်အတွက် အစိုးရခန့် ဒါရိုက်တာ များ၊ ရွေးချယ်ခံရသော ဒါရိုက်တာများနှင့် အမှုဆောင် မဟုတ်သော လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင် အမည်စာရင်း ကြေညာခြင်းနှင့် အတည်ပြုချက် ရယူခြင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြင်ပ စာရင်းစစ်ခန့်ထားခြင်းနှင့် အခကြေးငွေသတ်မှတ် ခြင်း၊ Chief Executive Officer က အစုရှယ်ယာရှင် များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများအား ဖြေကြားခြင်းတို့ကို အစီအစဉ်အတိုင်းဆက်လက် ဆောင်ရွက်ပြီး ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်