ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားများကျင်းပ

 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား 
 ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် 
ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားများကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ   ၃


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

 


အခမ်းအနားသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသော   ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ    တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့်  အားကစားဝါသနာရှင်များ  တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ပြိုင်ပွဲ   တတိယလုပွဲ  ပွဲစဉ်တွင်  ရခိုင် ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်း ကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ် တွင် မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို   နှစ်ပွဲပြတ်ဖြင့်  လည်းကောင်း အနိုင်ရရှိသည်။

 


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် စတုတ္ထဆုရရှိ သော ရန်ကုန်တိုင်းဒေသကြီးအသင်းကို အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက   ဂုဏ်ပြုဆုငွေကျပ်  ငါးသိန်းကို လည်းကောင်း၊ တတိယဆုရရှိသော ရခိုင်ပြည်နယ် အသင်းကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်း ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက တစ်ဦးချင်းဆုဆွဲပြား နှင့် ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang  နော်တောင်က  တစ်ဦးချင်းဆုဆွဲပြားကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ် ချီးမြှင့်သည်။

 


မွန်းလွဲပိုင်းတွင်    ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပလျက်ရှိသည့်   (၇၅)  နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား     ပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်း အနားကို ကျင်းပရာ  အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဆုရရှိကြသူ များကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိကြ သူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက လည်းကောင်း။

 


 အမျိုးသား လှံတန်ပစ်ပြိုင်ပွဲတွင် ဆုရရှိကြသူ များကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသာအောင်ကလည်းကောင်း၊  အမျိုးသားမီတာ ၁၅၀၀    အပြေးပြိုင်ပွဲတွင်  ဆုရရှိကြသူများကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲနှင့် လှံတန်ပစ်ပြိုင်ပွဲတွင် ဆုရရှိကြ သူများကို မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက လည်းကောင်း၊ အမျိုး သား/ အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ တွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက လည်းကောင်း၊ အမျိုးသား(သုံးဆင့်ခုန်ပြိုင်ပွဲနှင့် သံလုံးပစ်ပြိုင်ပွဲ)တွင် ဆုရရှိ ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဒေါက်တာစိုးဝင်းက  လည်း ကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ အပြေး ပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင်    ဆုရရှိကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း တစ်ဦးချင်းဆု ဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားနှင့် အမျိုးသမီး တံခွန်စိုက်ဆုများရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း၊ စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  Jeng Phang နော်တောင်ကလည်းကောင်း တံခွန်စိုက်ဆု များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်