
ပြည် အောက်တိုဘာ ၁၇
ပြည်မြို့ ပြည်သာယာရပ်ကွက် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက အဆိုပါ ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်း က ပန်းခင်းစီမံချက်၏ ရည်ရွယ် ချက်နှင့် ပြည်သူများအတွက် လူမှုဘဝပြည့်စုံရန် ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးရရှိရေး ဆောင် ရွက်မှု အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား အခု ၄၀ ကို ရပ်ကွက်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ပြည်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၅၅ အုပ်စု စုစုပေါင်း ၆၉ အုပ်စုရှိ လူဦးရေ ၅၆၀၅ ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရန် လျာထားပြီး ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်းနှင့် မြို့နယ် ရုံး၌လည်း ရုံးဖွင့်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လဝကရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)