
ပြည် စက်တင်ဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲကို စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ကျောင်းကြီးအိုးတန်း ရပ်ကွက် ခရိုင်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်မြို့နယ်ဦးစီးမှူးဦးဇော်နိုင်သန်းက ပန်းခင်းစီမံ ချက်၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက် ပေးခြင်းဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်မြို့နယ် လဝကဦးစီးမှူးရုံးက ပြည်ခရိုင် မီးသတ်ဦးစီးဌာနရုံး ဝန်ထမ်း/မိသားစုဝင်များအတွက် ပြုလုပ် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား ၂၆ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၀ ခု တို့ကို ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိဖြိုးဆွေ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေး နှင့် မြို့နယ်လဝကဦးစီးမှူးတို့က ခရိုင်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း/ မိသားစုဝင်များထံ ပေးအပ် သည်။
ပြည်မြို့နယ်တွင် ပန်းခင်းစီမံ ချက်ဖြင့် ယခုနှစ် မေ ၃ ရက်က စတင် ကွင်းဆင်းဆောင်ရွက်လျက် ရှိကာ မြို့ပေါ်ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာ အုပ်စု ၅၅ အုပ်စု၊ စုစု ပေါင်း ၆၉ အုပ်စုရှိ လူဦးရေ ၅၆၀၅ ဦးအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ပြုလုပ်ဆောင်ရွက်ပေး ရန် လျာထားပြီး ပြည်မြို့နယ်တွင် ယနေ့ ဆောင်ရွက်မှုအပါအဝင် အိမ်ထောင်စုလူဦးရေစာရင်း ၈၁၀ နှင့် နိုင်ငံသားစိစစ်ကတ်ပြား အခုရေ ၉၈၀ ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုဆက်