ပြည်မြို့နယ်၌ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေး

 

ပြည်    ဇန်နဝါရီ   ၅
ပြည်မြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံအလုပ် သမားတစ်ဦး၏      လုပ်ငန်းခွင် ပြင်ပ   ထိခိုက်ဒဏ်ရာရ    သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် အာမခံ အလုပ်သမားရှစ်ဦး၏ အကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကို ယမန်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင်       ပဲခူးတိုင်း ဒေသကြီး  တာဝန်ခံအရာရှိ  ဒုတိယ ညွှန်ကြားရေးမှူးဦးဝင်းစိုးက ၂၀၁၂ခုနှစ်
လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့် များအကြောင်း  ရှင်းလင်းပြောကြားပြီး Early Dawn Microfinance မှ အာမခံ အလုပ်သမား       ဒေါ်စန်းစန်းမော်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်း အတွက်    ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်သိန်း ၁၅၀ တိတိကို ဖခင်ဖြစ်သူ      ဦးမောင်လှအားလည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး က   (KBZ-2)မှ   အာမခံအလုပ်သမား ဒေါ်ခင်မျိုးဆွေ၏  နှလုံးခွဲစိတ်ကုသမှု အတွက်   ဆေးဖိုးပြန်လည်ထုတ်ပေး ငွေကျပ် ၁၆၉၄၇၅၀ အား လည်းကောင်း၊ အာမခံအလုပ်သမား        ခုနစ်ဦး အတွက်ဆေးဖိုးကုန်ကျငွေများ      အပါ အဝင်   စုစုပေါင်းငွေကျပ်  ၂၁၇၄၈၈၈၀ ဒသမ   ၁၄ အား   ခွင့်ပြုထုတ်ပေးခဲ့ ကြောင်း သိရသည်။     ခရိုင်(ပြန်/ဆက်)