ပြည်မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

ပြည်   စက်တင်ဘာ  ၁၅


ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တွင်  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို       ပြည်မြို့ သီရိခေတ္တရာရတနာ    မြို့တော် ခန်းမ၊       အ.ထ.က(၁)ပြည်၊ နှောကုန်းကျေးရွာအုပ်စု ဓမ္မာရုံနှင့် မှော်ဇာကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနခွဲ အစရှိသည့် ဆေးထိုးစုရပ်နေရာ  လေးခုတို့၌ ယနေ့နံနက် ၉ နာရီက စတင် ဆောင်ရွက်လျက်ရှိသည်။


ယခင်   ပထမအကြိမ်က အသက် ၆၅နှစ်နှင့်အထက် ရှိသူ များကို    ဦးစားပေးထိုးနှံဆောင် ရွက်ခဲ့ပြီး     ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၅၅ နှစ် အထက်ရှိသူများ၊   မသန်စွမ်းသူ များနှင့် (ဆီးချို၊ သွေးတိုး၊ နှလုံး)အစရှိသည့်   နာတာရှည်ရောဂါ အခံရှိသူများ စသည့်အုပ်စု သုံးခု အား အဓိကထား ဦးစားပေးထိုးနှံ ပေးမည်ဖြစ်ကြောင်း        မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရပြီး  ယနေ့မွန်းတည့်  ၁၂ နာရီ အထိတွင် သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌    ၁၆၈  ဦး၊ အ.ထ.က(၁)၌  ၃၃၀ ၊ နှောကုန်း ကျေးရွာအုပ်စု ဓမ္မာရုံ၌ ၁၂၅ ဦး၊  မှော်ဇာကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနခွဲ၌       ၁၄၀ စုစုပေါင်း ၇၆၃ ဦးတို့ကို ကာကွယ် ဆေး      ထိုးနှံပေးခဲ့ကြောင်းနှင့် ပြည်မြို့နယ်တွင်  စက်တင်ဘာ ၁၅ ရက်မှ စတင်၍  အုပ်စုအလိုက်   ဆေးထိုးစုရပ်   နေရာအသီးသီး၌ နံနက် ၉  နာရီမှ ညနေ ၄ နာရီ     အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး   ဆက်လက်ထိုးနှံပေးမည်   ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။


ခရိုင်(ပြန်/ဆက်)