ပြည်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမိုးနေကြာလျာထား စိုက်ပျိုးထား

 

ပြည်   ဩဂုတ်  ၂


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြား မှုဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက်  ပြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက် သီးနှံမိုးနေကြာလျာထားဧက ၁၆၀ စိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 


ယင်းဆီထွက်သီးနှံမိုးနေကြာလျာထားဧက ၁၆၀ ကို ပြည်မြို့နယ်အတွင်း ကျေးရွာ အုပ်စု ၁၅ အုပ်စု၌ တောင်သူများ၏ လယ်ယာ မြေများတွင် သီးညှပ်စိုက်ပျိုးခြင်း အပါအဝင် သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိ ကြောင်းနှင့် စိုက်ခင်းများအား ပိုးမွှားများ ကင်းစင်ပြီး   အထွက်နှုန်းကောင်းမွန်စေရေး အတွက် မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုး နိုင်ရေးအပါအဝင် စနစ်တကျစိုက်ပျိုးရေး နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍  လိုအပ်သည်များ   ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။

 


ပြည်မြို့နယ်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ ညွှန်ကြားမှုဖြင့်  ယခုနှစ်မိုးရာသီတွင် ဒေသ တွင်း စားသုံးဆီဖူလုံရေးအတွက်  မိုးနေကြာ၊ မြေပဲနှင့် နှမ်း အစရှိသည့်ဆီထွက်သီးနှံများကို လျာထားချက်ပြည့်မီကျော်လွန် တိုးချဲ့စိုက်ပျိုး နိုင်ရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် အခြားဌာန ဆိုင်ရာများပူးပေါင်းကာ ကျေးရွာများအရောက် ကွင်းဆင်း၍    စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများနှင့် အသိပညာပေးဆွေးနွေးပွဲ များ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။


ကိုဆက် (ပြန်/ဆက်)